မော်လမြိုင်ကျွန်း ဇန်နဝါရီ ၅
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်အတွင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်သော စစ်ကြောင်းကြီး (၅)ကြောင်းအဖွဲ့ ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲကို ကျွဲခြံဝကျေးရွာ၊ ထီယာလိကျေးရွာ၊ ကျွဲခြံရေကျော်ကျေးရွာ၌ ဇန်နဝါရီလ (၃)ရက်နေ့ နံနက်ပိုင်းက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အဆိုပါလုပ်ငန်းစဥ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသီဟဇော်က နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီမှ ချမှတ်အကောင်အထည်ဖော် လျက်ရှိသည့် ဦးတည်ချက်များ၊ ရည်မှန်းချက်များကို ပြည်သူများ သိရှိနားလည်စေရေးရှင်းလင်းခြင်း၊ ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံရေးအား သတ်မှတ်သည့်အကြိမ် အရေအတွက်အတိုင်း ထိုးနှံနိုင်ရေး အလေးထားဆောင်ရွက်ရန်၊ အခြေခံပညာကျောင်းများတွင် ကျောင်းသား/ သူများအေးချမ်းစွာ ပညာသင်ကြားနိုင်ရေး လုံခြုံဆိုင်ရာကိစ္စရပ်များ ဆွေးနွေးခြင်း၊ နွေးစပါး၊ မိုးစပါး၊ နေကြာနှင့် ဆောင်းသီးနှံ များအား သတ်မှတ်ကာလအတွင်း လျာထားချက်ပြည့်မီကျော်လွန်အောင် စိုက်ပျိုးနိုင်ရေး၊ လယ်မြေ (၁)ဧကလျှင် စပါး (၁၀) တင်းနှုန်းပိုမိုထွက်ရှိရေး၊ တောင်သူများအနေဖြင့် စိုက်ပျိုးရေးစရိတ်ချေးငွေများအား ပြေကြေစွာပေးသွင်းနိုင်ရေး၊ သမဝါယမဦးစီးဌာန၏ ချေးငွေများအား ပြန်လည် ပေးဆပ်နိုင်ရေး၊ လမ်းပန်းဆက်သွယ်ရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် လိုအပ်များကို ပူးပေါင်းဆောင်ရွက်ရန် စသည့်အကြောင်းအရာများ ရှင်းလင်းဆွေးနွေးခဲ့ပြီး အဖွဲ့ဝင် (၁) ဗိုလ်မှူး မင်းလွင်က ရပ်/ရွာအေး ချမ်းသာယာရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အုပ်ချုပ်ရေး အဖွဲ့အစည်း များ၊ အထောက်အကူပြုအဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းထားရှိရေး၊ အုပ်ချုပ် ရေးမှူးရုံး၊ စာသင်ကျောင်း၊ ဘုန်းကြီးကျောင်း၊ သာသနိက အဆောက်အဦများတွင် နေ့/ည လုံခြုံရေးချထားစေရေး ကိစ္စရပ်များရှင်းလင်း ဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်စခန်းမှူး ဦးမင်းမင်းက ယာဥ်အန္တရာယ်ကင်းရှင်းရေးနှင့် ပတ်သက်၍ ယခင်နှစ်ထက် (၅၀)ရာခိုင်းနှုန်း လျှော့ချရေးအတွက် အကောင်အထည်ဖော်ဆောင်ရွက်ရန်၊ တရားမဝင်သယ်ဆောင်မှုနှင့် လောင်းကစားမှုများ ပြုလုပ်မှုမရှိစေရေးစသည့် ကိစ္စရပ်များကို ရှင်းလင်း ဆွေးနွေးခဲ့ကြပြီး ဒေသခံပြည်သူများ စုစုပေါင်း (၂၉၂) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
ရဲကိုမောင် (ပြန်/ဆက်)