မိုးညှင်း ဇန်နဝါရီ ၅
ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)ဖြင့် ဆောင်ရွက်သည့် ကျေးရွာတွင်း ကွန်ကရစ်လမ်းကို ဘီလူးကျေးရွာအုပ်စု စုစည်းအောင်မြေကျေးရွာ၌ ယမန်နေ့ နံနက် (၁၀)နာရီက ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကျေးရွာတွင်းကွန်ကရစ်လမ်းဖွင့်လှစ်ရာတွင် ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ ခရိုင်ဦးစီးမှူး ဦးထွန်းထွန်းဝင်း၊ မြို့နယ်ဦးစီးမှူး ဦးဌေးမြင့်နှင့် ကျေးရွာကော်မတီမှ တာဝန်ရှိ သူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး ၎င်းလမ်းအား ယခုဘဏ္ဍာရေးနှစ်တွင် ကျေးရွာဖွံ့ဖြိုး တိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့် လမ်းအရှည်ပေ (၁၁၀၀)၊ အကျယ် (၁၂)ပေနှင့် ထု (၆)လက်မ အတိုင်းအတာအား စီမံကိန်းနိုင်ငံတော်ထောက်ပံ့ရန်ပုံငွေ ကျပ်သိန်း (၁၅၀)ဖြင့် ကျေးရွာ နေပြည်သူများ၏ လုပ်အားပူးပေါင်းဆောင်ရွက်ကာ မြို့နယ်ကျေးလက် ဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် စက်တင်ဘာ ဒုတိယပတ်မှ လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ပြီး ဒီဇင်ဘာ စတုတ္ထပတ်တွင် လုပ်ငန်း ရာခိုင်နှုန်းပြည့် ပြီးစီးခဲ့ကြောင်းနှင့် ၎င်းလမ်းအား အိမ်ခြေ (၆၆)အိမ်နှင့် လူဦးရေ (၄၅၀)ဦးတို့အတွက် ရာသီမရွေးသွားလာနိုင်မည်ဖြစ်၍ များစွာ အကျိုးပြုသွားမည်ဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း