ဇလွန်မြို့နယ်တွင် (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့် မူကြိုပြီးဆုံးကြောင်း အောင်လက်မှတ်ပေးအပ်ပွဲကျင်းပ

ဇလွန် ဇန်နဝါရီ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ ကျင်းပသော (၇၆) နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ကလေးပြိုင်ပွဲများ၊ ကလေးငယ်များ၏ ကာယ၊ ဉာဏပြိုင်ပွဲများတွင်ဆုရရှိသူများအား ဆုချီးမြှင့်ခြင်းနှင့် မူကြိုပြီးဆုံးကြောင်း အောင်လက်မှတ်ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်မိခင်နှင်ံ့ကလေးစောင့်ရှောက်ရေးအသင်း အတွင်းရေးမှူး မြို့နယ်ဆရာဝန်ကြီး ဦးမျိုးမင်းဇော်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မိခင်နှင်ံ့ကလေးစောင့်ရှောက်ရေးအသင်း ဘဏ္ဍာရေးမှူးဒေါ်ယဉ်ကြည်က ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် မူကြိုကလေးငယ်များက သီချင်းများဖြင့် ကပြဖျော်ဖြေခဲ့ကြပြီးလွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲနှင့် အားကစားပြိုင်ပွဲတွင် ဆုရရှိသူများအား မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်မြင့်သန်းနုနှင့် တာဝန်ရှိသူများက ဆုများနှင့်လက်ဆောင်ပစ္စည်းများ အသီးသီးပေးအပ်ချီးမြှင့်၍ မူကြိုပြီးဆုံးကြောင်းအောင် လက်မှတ်များပေးအပ်ခဲ့ကြသည်။

ဝေယံ

ဇလွန် (ပြန်/ဆက်)