ကလေး ဇန်နဝါရီ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့တွင် အကျဉ်းဦးစီးဌာန၊ ကလေးအကျဥ်းထောင်မှ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ (၄-၁-၂၀၂၄) ရက်စွဲပါ အမိန့်အမှတ် (၁/၂၀၂၄)၊ ကျင့် ၄၀၁ (၁) အရ အကျဥ်းသား အမျိုးသား(၄၅)ဦး၊ အမျိုးသမီး (၅)ဦး စုစုပေါင်း(၅၀)ဦး ပြစ်ဒဏ်လွတ် ငြိမ်းခွင့်ပေးသည့် အခမ်းအနားကို ယနေ့ နံနက် ၁၂ နာရီအချိန်က အဆိုပါ အကျဥ်းဦးစီးဌာန၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကလေးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမိုးဇော်နိုင်နှင့် ခရိုင်ရဲတပ်ဖွဲ့မှူး၊ ဒုတိယရဲမှူးကြီး ကြည်ဝင်းတို့က လွှတ်ငြိမ်းချမ်းသာခွင့်ဖြင့် လွတ်မြောက်ကြသည့် အကျဥ်းသားများအား ဆုံးမသြဝါဒစကား ပြောကြားခဲ့သည်။
ထို့နောက် ကလေးအကျဥ်းထောင်မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မိုးဝင်းက အမှာစကားပြောကြားပြီး လွှတ်ငြိမ်းချမ်းသာခွင့်ရရှိသူ များအား ထောင်လွတ်လက်မှတ်၊ စားစရိတ်နှင့် ခရီးစရိတ်များကို တာဝန်ရှိသူများမှ ပေးအပ်ခဲ့ကြောင်းသိသည်။
ကလေး(ပြန်/ဆက်)