ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား၊ အကျဉ်းသူ ၄၆ ဦးတို့အား လွတ်ငြိမ်းချမ်းသာခွင့်ပြု

ပခုက္ကူ ဇန်နဝါရီ ၅

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်အမိန့်အမှတ် (၁/၂၄)အရ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့ရှိ ပခုက္ကူအကျဉ်းထောင်မှ အကျဉ်းသား (၃၁)ဦး၊ အကျဉ်းသူ (၁၅)ဦး စုစုပေါင်း (၄၆)ဦးတို့အား ယမန်နေ့ နံနက် ၁၀ နာရီခွဲအချိန်က ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ လွတ်ငြိမ်းချမ်းသာခွင့်ပြုသည့် အကျဉ်းသား၊ အကျဉ်းသူများအား ပခုက္ကူအကျဉ်းထောင်တာဝန်ခံအရာရှိနှင့် တာဝန်ရှိသူများက ဆုံးမဩဝါဒစကားများပြောကြားပြီး ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-၄၀၁၊ ပုဒ်မခွဲ(၁)အရ နောက်တစ်ကြိမ် ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ခံဝန်လက်မှတ်ရေးထိုးခြင်း၊ လွတ်ငြိမ်းခွင့်လက်မှတ်၊ ခရီးစရိတ်၊ လုပ်အားခခံစားခွင့်တို့ကို ထုတ်ပေးကာ မိမိဒေသသို့ အဆင်ပြေစွာ သွားလာနိုင်ရေး ကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)