သတင်းများ

တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ၂၀၂၄ ခုနှစ်၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အလံလွှင့်တင်ခြင်းအခမ်းအနားနှင့် သဝဏ်လွှာ ဖတ်ကြားခြင်းအခမ်းအနားကျင်းပ
Jan 05,2024
၂၀၂၄ ခုနှစ်၊ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် နိုင်ငံတော်အလံလွှင့်တင်ခြင်း အခမ်းအနားနှင့် သဝဏ်လွှာဖတ်ပွဲကို ယမန်နေ့ နံနက် ၄ နာရီ ၂၀ မိနစ်အချိန်မှစ၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ မြို့များတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ပေါင်းတည်မြို့ အ.ထ.ကခွဲ (ပေါက်တန်း) ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပ
Jan 05,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အခြေခံပညာဦးစီးဌာန၊ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်နှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက အ.ထ.ကခွဲ (ပေါက်တန်း) တွင် ကျင်းပခဲ့သည်။
(၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပျော်ပွဲရွှင်ပွဲနှင့်အားကစားပြိုင်ပွဲများ စည်ကားသိုက်မြိုက်စွာကျင်းပ
Jan 05,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်‌ ပျော်ပွဲရွှင်ပွဲ၊ အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာကျင်းပပြုလုပ်ပြီး ဆုရရှိသည့် အားကစားအသင်းများကို ဆုများချီးမြှင့်ပေးအပ်ပွဲကို ယနေ့နံနက်က မြို့နယ်အားကစားကွင်း၌ ကျင်းပပြုလုပ်သည်။
ကျွန်းလှမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ လယ်လှကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွည်၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပကြောင်း သိရသည်။
ဝါးခယ်မမြို့နယ် ကျက်သရေဆောင် သကျမဟာသီရိဘုရားကြီး ရွှေထီးတော်တင်လှူရေးနှင့် ဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ
Jan 05,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဝါးခယ်မမြို့နယ် ကျက်သရေဆောင် သကျမဟာသီရိဘုရားကြီး ရွှေထီးတော်တင်လှူရေးနှင့် ဘက်စုံပြုပြင်မွမ်းမံရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီအချိန်က ဘုရားကြီး၏ သံတန်ဆောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်းလှမြို့နယ်၌ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ
Jan 05,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ လယ်လှကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူ များ ဗလငါးတန်ဖွံ့ဖြိုးစေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွည်၍ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပကြောင်း သိရသည်။
၂၀၂၄-ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲကျင်းပ
Jan 05,2024
ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင်ပန်းခြံတွင် ယမန်နေ့ညနေ (၆)နာရီအချိန်မှ ည(၁၀)နာရီအချိန်အထိ ၂၀၂၄-ခုနှစ် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် တေးဂီတဖျော်ဖြေပွဲနှင့် ပျော်ပွဲရွှင်ပွဲကို စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ဌာနဆိုင်ရာအသီးသီးမှ တာဝန်ရှိသူများ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက် ကြည့်ရှုအားပေးခဲ့ကြပြီး ပွဲတော်တွင် အပန်းဖြေလာရောက်ကြသူများဖြင့် အထူးပင် စည်ကားလျက်ရှိကြောင်း သိရသည်။
၇၆နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ပေါင်းတည် အချုပ်ထောင်မှ အကျဉ်းသား ၁၁၂ ဦး လွတ်ငြိမ်းချမ်းသာခွင့်ပြု
Jan 05,2024
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ နိုင်ငံတော်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်အမှတ် (၁/၂၀၂၄) ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ-ကျင့် ၄၀၁(၁)အရ ၂၀၂၄ ခုနှစ်၊ ၇၆နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်ဖြစ် ဇန်နဝါရီလ ၄ ရက်နေ့က ပေါင်းတည်အချုပ်ထောင်မှ အကျဉ်းသား ၁၁၆ ဦးနှင့် အကျဉ်းသူ ၆ ဦး စုစုပေါင်း ၁၂၂