ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်တွင် (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အားကစားပြိုင်ပွဲများနှင့် ဆုချီးမြှင့်ပွဲကျင်းပ

ဒဂုံဆိပ်ကမ်း  ဇန်နဝါရီ  ၅

နိုင်ငံတော်၏ ရည်မှန်းချက်ဖြစ်သော အားကစားနည်းများ ဖွံဖြိုးတိုးတက်စေရန်၊နိုင်ငံတော်၏ အထိမ်းအမှတ်နေ့တွင် အများပြည်သူများကြား အားကစားလှုပ်ရှား၍ ပါဝင်ဆင်နွဲနိုင်စေရန် ရည်ရွယ်၍ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်တွင် (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် အားကစားပြိုင်ပွဲများကို အမှတ်( ၉၂) ရပ်ကွက် ၊ ဘောလုံးကွင်းတွင် ယမန်နေ့က ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အားကစားပြိုင်ပွဲများတွင် မီတာ ၁၀၀ ၊ မီတာ ၂၀၀ ၊ မီတာ ၄၀၀ ၊ မီတာ ၈၀၀ အပြေး၊ မီတာ ၁၀၀၊ မီတာ ၄၀၀ လက်ဆင့်ကမ်း၊ အလျားခုန်၊သုံးဆင့်ခုန်၊  သံလုံးပစ်၊ သံပြားဝိုင်းပစ်၊ လှံတံပစ်၊ မီတာ ၁၀၀ အာလူးကောက်၊ မီတာ ၁၀၀ ဂုန်နီအိတ်စွပ်၊ မီတာ ၁၀၀ သံပုရာသီးဇွန်းကိုက်၊ စကောရွက်၊ မုန့်စားစသည်ဖြင့် အားကစားနည်း အမျိုးပေါင်း(၁၆)မျိုးကျင်းပပေးခဲ့ပြီး ပြိုင်ပွဲဝင်ဆုရ အားကစားသမားများအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)