ရွှေတောင်မြို့နယ်တွင် နွေစပါးစိုက်ပျိုးမည့်တောင်သူများနှင့် ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရွှေတောင် ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ နွားမယံကျေးရွာအုပ်စု၊ ပုရပိုက်တန်းကျေးရွာ၊ သာသနာ့လင်္ကာရကျောင်းဓမ္မာရုံတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်ချက်နှင့်အညီ နွေစပါးစိုက်ပျိုးမည့်တောင်သူများနှင့် ညှိနှိုင်းတွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ရွှေတောင်မြို့နယ် စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီပါ ဌာနဆိုင်ရာအကြီးအကဲများမှ နွားမယံကျေးရွာအုပ်စုအတွင်း နတ်မှော်လျှပ်စစ်မြစ်ရေတင်ဖြင့် နွေစပါးစိုက်ပျိုးမည့်တောင်သူ (၄၁) ဦးတို့နှင့်တွေ့ဆုံ၍ လျှပ်စစ်မြစ်ရေတင်ဖြင့် ၂၀၂၄-ခုနှစ်၊ ဇန်နဝါရီလ (၁၅)  ရက်နေ့မှစတင်ပြီး ရေပေးဝေမည်ဖြစ်ကြောင်း၊ သက်တမ်းတိုးအထွက်ကောင်းပျိုးများ ပြောင်းလဲစိုက်ပျိုးရေး၊ ပျိုးထောင်စိုက်ပျိုးခြင်းနှင့် အစေ့ချစနစ်ဖြင့်သာ စိုက်ပျိုးမှုများဆောင်ရွက်ရန်၊ ကြဲခင်းများ လုံးဝ (လုံးဝ) စိုက်ပျိုးခြင်း မပြုရန်တို့အား အသေးစိတ်ဆွေးနွေးခဲ့ရာ တက်ရောက်လာသော တောင်သူများမှ မျိုးလိုအပ်ချက်နှင့် သွင်းအားစုလိုအပ်ချက်များအပေါ် ဆွေးနွေးတင်ပြကြရာ မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေါင်းစပ်ပေးခဲ့သည်။

ရွှေတောင်မြို့နယ်အတွင်း ၂၀၂၃ - ၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးရန်လျာထားဧက (၁၉၂၇) ဧကအပေါ် လျာထားချက်ထက် ပြည့်မှီကျော်လွန်ပြီး စိုက်ပျိုးနိုင်ရေးအတွက် မြို့နယ်စိုက်ပျိုးရေးမွေးမြူရေးကြီးကြပ်မှုကော်မတီမှ နွေစပါးစိုက်ပျိုးမည့် ရပ်ကွက် / ကျေးရွာ အုပ်စုများသို့ မြေပြင်ကွင်းဆင်း၍ တောင်သူများနှင့်တွေ့ဆုံပြီး သက်တမ်းတိုး အထွက်ကောင်းမျိုးများ စနစ်တကျစိုက်ပျိုးစေရေး စဥ်ဆက်မပြတ် ကြပ်မတ်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကိုမင်း (ပြန်/ဆက်)