တောင်ငူအကျဥ်းထောင်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် အကျဥ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ပေး

တောင်ငူ ဇန်နဝါရီ ၅

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူအကျဥ်းထောင်၌ (၇၆)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ငူအကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား၊ အကျဥ်းသူများအား နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်အမှတ် ၁/၂၀၂၄၊ ပြစ်ဒဏ်ကာလ (၁)နှစ်အောက် ကျန်သူများအနက်မှ ကျင့်ထုံးပုဒ်မ ၄၀၁(၁)ဖြင့် ထောင်မှလွှတ်ပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက် (၁၁:၄၅) နာရီအချိန်တွင် ကျင်းပသည်။

ထိုသို့ကျင်းပရာတွင် တောင်ငူအကျဉ်းထောင်တာဝန်ခံ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်မြင့်စိုး၊ (၄) မိုင်ကုန်ထုတ်အလုပ်စခန်းမှ တာဝန်ခံအရာရှိ ဦးမောင်မောင်နိုင်၊ တောင်ငူမြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကိုကိုဇော်၊ တောင်ငူခရိုင် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနမှ စုံစမ်းရေးမှူး ဦးဝင်းဇော်၊ သတင်းရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးစိုးဝင်း၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးဇော်နှင့် တာဝန်ရှိသူများ၊ တက်ရောက်ကြပြီး တောင်ငူအကျဉ်းထောင်နှင့် လေးမိုင်ကုန်ထုတ်စခန်းမှ တပ်မတော်အက်ဖြင့် အကျဥ်းသား ကျား (၃) ဦး၊ ရဲစည်းကမ်းဖြင့် အကျဥ်းသား ကျား(၇) ဦး၊ ရာဇသတ်ကြီးပုဒ်မဖြင့် ကျား (၁၂၅) ဦး၊ မ (၁၀) ဦး ၊ စုစုပေါင်း   (၁၄၅)ဦး လွှတ်ပေးခဲ့ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)