ဟိုပုံး ဇန်နဝါရီ ၅
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများအားလုံး အသက်ကယ်ထိုင်ခုံခါးပတ် တပ်ဆင်မောင်းနှင်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က ဟိုပုံး-တောင်ကြီးသွားလမ်း ပြည်ထောင်စုလမ်းမကြီး နေမင်းရောင်တိုးဂိတ်တွင် ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင် ဗိုလ်မှူးဖြိုးနိုင်ဦး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဦးကိုကိုလင်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်လမ်းဦးစီးဌာန၊ နယ်မြေခံတပ်ဖွဲ့ဝင်များပူးပေါင်း၍ ဟိုပုံး-တောင်ကြီးသွားလမ်း ပြည်ထောင်စုလမ်းမကြီး နေမင်းရောင်တိုးဂိတ်တွင် သွားလာလျက်ရှိသည့် မော်တော်ယာဉ်မောင်းနှင်သူနှင့် လိုက်ပါစီးနင်းသူများအားလုံး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ လမ်းညွှန်သင်္ကေတများနှင့် အသက်ကယ်ထိုင်ခုံခါးပတ် စနစ်တကျ တပ်ဆင်မောင်းနှင်သွားလာကြရန်၊ မော်တော်ဆိုင်ကယ်များ မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်များကို စနစ်တကျဆောင်းကြရန်၊ မောင်တော်ဆိုင်ကယ်မောင်းနှင်ရာတွင် သိရှိလိုက်နာရမည့်အချက်များ၊ ယာဉ်အန္တရာယ်ကြောင့် အသက်အန္တရာယ်ထိခိုက်မှုနှင့် ကိုယ်လက်အင်္ဂါထိခိုက်မှုမဖြစ်ပွားစေရေးအတွက် လမ်းဖြတ်ကူးရာတွင် သိရှိလိုက်နာရမည့်အချက်များ အသိပညာပေးဆောင်ရွက်ခဲ့ကြပြီးနောက် ယာဉ်စည်းကမ်း၊ လမ်းစည်ကမ်းဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ပအိုဝ်းဒေသ(ပြန်/ဆက်)