လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌  စာပေချစ်မြတ်နိုးသူများအသင်း Book Club ဖြင့် စာဖတ်ဝိုင်းကျင်းပ

လှိုင်သာယာ(အနောက်ပိုင်း) ဇန်နဝါရီ ၈

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ စာပေချစ်မြတ်နိုးသူများအသင်း Book Club ၊ Woman Club နှင့် Youth Club တို့ ပူးပေါင်း၍   ကိုးလုံးတန်းကချစ်သက်သေခေါင်းစဉ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နေ့လယ် ၁ နာရီကကျင်းပသည်။

စာဖတ်ဝိုင်းတွင် စာပေချစ်မြတ်နိုးသူများအသင်း Book Club အဖွဲ့ဝင် စာရေးဆရာမခင်‌လေးစိန်(ဘိုကလေး)ကဉီးဆောင်၍ “ကိုးလုံးတန်းကချစ်သက်‌သေ”စာအုပ်ပါကြောင်းအရာများကို ဖတ်ကြားဆွေးနွေးသည်။ ဆက်လက်၍ စာဖတ်ဝိုင်းသို့ တက်ရောက်လာကြသော Book Club အသင်းဝင်များ၊ Woman Club အသင်းဝင်များနှင့် Youth Club အသင်းဝင်များက မိမိတို့၏ထင်မြင်ယူဆချက်များအား အသီးသီးအပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

မျိုးဆက်သစ်လူငယ်များ စာပေဖတ်ရှုသည့် အလေ့အထများဖြစ်ထွန်းစေရန်၊ ပြန်လည်မျှဝေပေးသည့် အလေ့အကျင့်ကောင်းများရရှိစေရန်နှင့် အသိပညာဗဟုသုတ တိုးပွားစေရေးအတွက်  စာပေချစ်မြတ်နိုးသူများအသင်း Book Club ၊ Woman Club နှင့် Youth Club အသင်းများဖြင့် စာဖတ်ဝိုင်းများကို လစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

မြင့်ဇော် (ပြန်/ ဆက် )