မိတ္ထီလာ ဇန်နဝါရီ ၁၂
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်သည် မိတ္ထီလာမြို့နယ်တွင် ပန်းခင်း (၃) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ခြင်း၊ e-ID စနစ်အတွင်းသို့ Biographic /Biometric ထည့်သွင်းခြင်း (One Stop Service)လုပ်ငန်းများ ဆောင်ရွက်နေမှုအား ယနေ့နံနက် ၁၀ နာရီအချိန်က ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်နှင့် တာဝန်ရှိသူများသည် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မိတ္ထီလာမြို့နယ် ဦးစီးမှူးရုံးနှင့် မိတ္ထီလာပညာရေး ဒီဂရိကောလိပ်တွင် ဆောင်ရွက်နေသည့် ပန်းခင်း (၃) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ် ဆောင်ရွက်ခြင်း၊ e-ID စနစ်အတွင်းသို့ Biographic / Biometric ထည့်သွင်းခြင်း (One Stop Service) လုပ်ငန်းများ ဆောင်ရွက်ပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။ ၎င်းနောက် ပြည်ထောင်စုဝန်ကြီးသည် မိတ္ထီလာခရိုင်အတွင်းရှိ မိတ္ထီလာခရိုင်နှင့် မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်းမြို့နယ်များမှ ခရိုင်ဦးစီးမှူးနှင့် မြို့နယ်ဦးစီးမှူးများ၊ ဝန်ထမ်းများ တွေ့ဆုံခဲ့ပြီး ဝန်ထမ်းများ၏ တင်ပြချက်များအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)