လဲချားမြို့နယ် လူထုအခြေပြု (Community Centre) တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပ

လဲချား ဇန်နဝါရီ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု (Community Centre) တွင် စာဖတ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက်(၉)နာရီအချိန်က ကျင်းပခဲ့ပါသည်။

အဆိုပါ စာဖတ်စွမ်းရည်ပြိုင်ပွဲတွင် ဉီးစီးအရာရှိ ဒေါ်ခင်ချိုထွေးက အသိပညာဗဟုသုတဖွံ့ဖြိုးတိုးတက်စေရန်၊ စာဖတ်စွမ်းရည်များမြင့်မားလာစေရန်နှင့် စာအုပ်၊ စာစောင်များကို အမြဲဖတ်ရှု​လေ့လာနိုင်စေရန်ရည်ရွယ်၍ စာဖတ်စွမ်းရည်ပြိုင်ပွဲများအား ပြုလုပ်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကားပြောကြားကာ စာရေးဆရာဒေါက်တာခင်မောင်ညို၏ လူငယ်နှင့်အကောင်းဆုံးဘဝကိုတည်ဆောက်ခြင်းစာအုပ်ကို တက်ရောက်လာသော ကျောင်းသား/သူလူငယ်များမှ စာဖတ်စွမ်းရည် ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအားဆုများ ပေးအပ်ချီးမြှင့်ခဲ့ရာ ပြိုင်ပွဲသို့ ကျောင်းသား/သူ (၂၈)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လဲချား(မြို့နယ်ပြန်/ဆက်)