ကျိုက္ကစံဆံတော်ရှင်စေတီတော် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပနိုင်ရေး တွေ့ဆုံညှိနှိုင်းအစည်းအဝေး ကျင်းပ

သင်္ဃန်းကျွန်း ဇန်နဝါရီ ၁၂

သမိုင်းဝင်ကျိုက္ကစံ ဆံတော်ရှင်စေတီတော်ကြီး၏ (၁၂၄)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ကျင်းပဆောင်ရွက်နိုင်ရေးအတွက် ဂေါပကအဖွဲ့နှင့် ဌာနဆိုင်ရာအဖွဲ့အစည်းများ တွေ့ဆုံညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၉ နာရီခွဲက နှစ်ကျိပ်ရှစ်ဆူဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားကို နမောတဿ (၃)ကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး သင်္ဃန်းကျွန်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးလှမျိုးနှင့် ဂေါပကအဖွဲ့သဘာပတိ ဦးမျိုးဝင်းတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်ပြီး ဂေါပကအဖွဲ့ဝင်များက ဗုဒ္ဓပူဇနိယပွဲတော်နှင့် ပတ်သက်၍ တွေ့ဆုံရသည့်အကြောင်းအရာများကို ရှင်းလင်းတင်ပြခြင်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများက တစ်ဦးချင်းဆွေးနွေးကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု (၃)ကြိမ် ရွတ်ဆို၍ ပိတ်သိမ်းခဲ့သည်။

အဆိုပါ ဗုဒ္ဓပူဇနိယပွဲတော်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၂ရက်နေ့အထိ ၁၀ ရက်တိုင်တိုင် နှမ်းမနဲထိုးပွဲများ၊ ဆွမ်းဆန်စိမ်းလောင်းလှူခြင်း၊ ပျော်ပွဲရွှင်ပွဲများဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)