ကလော ဇန်နဝါရီ ၁၃
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောခရိုင်၊ ကလောမြို့နယ် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကလောမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းရှိ တေဇခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အခမ်းအနားကို စုံညီပွဲတော်တို့နွှဲပျော်သီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ခဲ့ပြီး စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး ဗိုလ်ချုပ် ကျော်လင်းမောင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်အတွက် ပညာရည်ချွန်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ်ကြီးနှင့် တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ပေးခဲ့သည်။ ဆက်လက်၍ ဒုတိယပိုင်းအစီအစဉ် ဆက်လက်ကျင်းပခဲ့ရာ အခြေခံပညာဦးစီးဌာန၊ ကလောခရိုင်ပညာရေးမှူး ဒေါ်မြလင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အကပဒေသာများဖြင့် ကပြဖျော်ဖြေခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ စစ်ဦးစီးတက္ကသိုလ်ကျောင်းအုပ်ကြီး၊ ကလောခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ ကျောင်းသားမိဘဆရာအသင်းနှင့် ကျောင်းသားမိဘများ တက်ရောက်ခဲ့ပြီး ၂၀၂၃-၂၀၂၄ ပညာသင်နှစ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းသား၊ ကျောင်းသူများမှ စာပေထူးချွန်ဆု၊ ဘက်စုံဖွံ့ဖြိုးရေးဆု၊ စွမ်းရည်နှင့် လူရည်ချွန်ဆု၊ ပထမ၊ ဒုတိယ၊ တတိယ၊ နှစ်သိမ့်ဆု ရရှိသည့်ကျောင်းသား၊ကျောင်းသူတို့ကို တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်ပေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက အကပေဒသာများဖြင့် ကပြဖျော်ဖြေခဲ့ကြကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)