သတင်းများ

မိုင်းလုံမြို့တွင် ယာယီစာသင်‌ကျောင်းဆောင် စတင်ဆောင်ရွက်
Jun 22,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့၌ ယခုပညာသင်နှစ်တွင် ကျောင်းသား၊ ကျောင်းသူဦးရေတိုးလာခြင်း၊ (Grade-12)အတန်းအတွက် ကျောင်းဆောင်တိုးလာခြင်းတို့ကြောင့် စာသင်ခန်းများ လိုအပ်သည့်အတွက် ယာယီစာသင်‌ကျောင်းဆောင်ကို စတင်ဆောင်ရွက်နေကြောင်း သိရသည်။
မင်းတုန်းမြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ပြုလုပ်
Jun 22,2023
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းတုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန Community centre ခန်းမတွင် ယမန်နေ့ ညနေ ၃ နာရီက ၂၀၂၃ ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Talk Show ကို မြို့နယ်ဦးစီးမှူး ဦးမြင့်ရွှေနှင့် မြို့မရဲစခန်းမှူး ဒုတိယရဲမှူး ဝင်းလှိုင်တို့က ဆွေးနွေးခဲ့ကြသည်။
ညောင်တုန်းမြို့နယ်တွင် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ပြုလုပ်
Jun 22,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန၊ Community Centre ခန်းမ၌ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အသိပညာပေး Talk Show ကို ဇွန်လ ၂၀ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့သည်။
နတ်မောက်မြို့နယ် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုအား ကွင်းဆင်းစစ်ဆေး
Jun 22,2023
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြစိမ်းရောင်စီမံကိန်းဖြင့် အရင်းမပျောက်လည်ပတ်ရန်ပုံငွေဖြင့် မိသားစုဝင်ငွေတိုးလုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုများအား ယမန်နေ့က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက န/ဖုန်ကုန်းကျေးရွာသို့ ကွင်းဆင်းပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြစိမ်းရောင်(အသားကဏ္ဍ) ငွေစာရင်းဆိုင်ရာသင်တန်း ဖွင့်လှစ်
Jun 22,2023
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ  မြစိမ်းရောင်(အသားကဏ္ဍ) ငွေစာရင်းဆိုင်ရာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က အဆိုပါမြို့နယ်ရုံးခန်းမ၌ ကျင်းပခဲ့ရာ မြစိမ်းရောင်ကျေးရွာများမှ သင်တန်းသား (၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ကလိန်အောင်မြို့ အထွေအထွေအုပ်ချုပ်ရေးဦးစီး‌ဌာနမှ ‌‌ဝန်ထမ်းသားသမီးများအား ပညာသင်စရိတ် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကျင်ပ
Jun 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်ရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားကြသည့် အထွေအထွေအုပ်ချုပ်ရေးဦးစီး‌ဌာနမှ ‌‌ဝန်ထမ်းသားသမီးများအားပညာသင်စရိတ် ထောက်ပံ့ငွေ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့  ညနေ ၃ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
မဟာအောင်မြေမြို့နယ် Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေး အသိပညာပေး Talk Show ကျင်းပ
Jun 22,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမ၌ မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်‌ရေးအသိပညာပေး Talk Show ကို ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပခဲ့သည်။
ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်၊စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်
Jun 22,2023
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့၌ Mobile Library စနစ်ဖြင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က ပလောက်မြို့၊ မြန်မာ့အသံနှင့်ရုပ်မြင် သံကြားထပ်ဆင့်လွှင့်စက်ရုံသို့သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။