ပိုင်ကျုံမြို့ လူထုအခြေပြုဗဟိုဌာန၌ (Book Club)အဖွဲ့နှင့် ပူးပေါင်း၍ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

ပိုင်ကျုံ ဇန်နဝါရီ ၁၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇန်နဝါရီလ ၁၂ ရက်နေ့ နံနက် ၁၀:၀၀နာရီက (Book Club) အဖွဲ့နှင့် ပူးပေါင်း၍ စာရေးဆရာမောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် “အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ”စာအုပ်အား စာဖတ်ဝိုင်း ပြုလုပ်ဆွေးနွေးခဲ့သည်။ 

အဆိုပါစာဖတ်ဝိုင်းဆွေးနွေးတွင် မြို့ဦးစီးမှူး ဒေါ်နော်ခူးခူးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို  ရှင်းလင်းပြောကြားပြီး (Book Club)အဖွဲ့ဝင်များဖြစ်သည့် ဒေါ်ဒီးနာမူးက တပည့်တွေအကြောင်း၊ ဆရာတပည့်ပုံရိပ်များခေါင်းစဉ်ဖြင့်လည်းကောင်း၊ နော်ချနူးက ကံရာဇာငယ်၏ အလှူမဏ္ဍပ် ခေါင်းစဥ်ဖြင့်လည်းကောင်း၊ ဒေါ်အိသဲချိုက စာသင်ရာမှာ ရယ်မောစရာခေါင်းစဥ်ဖြင့်လည်းကောင်း အသီးသီးဆွေးနွေးကြပြီး တက်ရောက်လာကြသူများက စာအုပ်ပါအကြောင်းအရာများ၊ ထင်မြင်ယူဆချက်များ၊ အရေးအသားအသုံးအနှုန်းများအား အပြန်အလှန် ရှင်းလင်းဆွေးနွေးခဲ့သည်။  

ပိုင်ကျုံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ပြည်သူများ၊ လူငယ်များ စာဖတ်ရှိန်မြှင့်မားလာပြီး အသိပညာဗဟုသုတ ကြွယ်ဝလာစေရန်အတွက် စာဖတ်ဝိုင်းများ၊ ဆွေးနွေးပွဲများ၊ ဟောပြောပွဲများ၊ စာအုပ်ပြပွဲများကို အစဉ်အမြဲ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နော်ခူး(ပြန်/ဆက်)