ညောင်တုန်း ဇန်နဝါရီ ၁၄
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)၌ စာရေးဆရာမ ခင်နှင်းယု ရေးသားသော "တစ်ထောင့်ငါးရာည၏ အိမ်မက်များ"စာအုပ်ဖြင့် ယမန်နေ့ မွန်းလွဲပိုင်းက စာဖတ်ဝိုင်း ပြုလုပ်ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်လှိုင်က စာဖတ်ဝိုင်းဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် ဒေါ်သူသူဆန်းနှင့် ဒေါ်အေးမိစံတို့က စာရေးဆရာမ ခင်နှင်းယု ရေးသားသော "တစ်ထောင့်ငါးရာည၏ အိမ်မက်များ"စာအုပ်ပါ အကြောင်းအရာများကို ဦးဆောင်ဆွေးနွေးရာ တက်ရောက်လာသည့် အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ (Woman Club) အဖွဲ့ဝင်များ၊ စာပေဝါသနာရှင်များနှင့်အတူ ဆွေးနွေးခဲ့သည်။
ထို့နောက် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်ပြပွဲနှင့် မြို့နယ်ပြည်သူ့စာကြည့်တိုက်ရှိ သုတ၊ ရသစာအုပ်များများဖြင့် စာအုပ်ပြပွဲကို ကျင်းပရာ တက်ရောက်လာသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)