ငပုတော ဇန်နဝါရီ ၁၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးသန်းဦးနှင့် ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးစာရေးများနှင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းကကျင်းပပြုလုပ်သည်။
အဆိုပါအစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၂) ဦးသန်းဦးကကျေးရွာ သန့်ရှင်းသာယာလှပရေးနှင့် ဥပဓိရုပ်ကောင်းမွန်စေရေး အထူးအလေးထားဆောင်ရွက်ရန်လိုကြောင်း၊ ပွင့်လင်းရာသီသို့ ရောက်ရှိလာသဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အထူးအလေးထားဆောင်ရွက်ရန် လိုကြောင်း၊ နယ်မြေသတင်းနှင့် ထူးခြားဖြစ်စဉ်များအား သက်ဆိုင်ရာတာဝန်ရှိသူများထံ အချိန်မှီ တင်ပြနိုင်ရန်လိုကျောင်း၊ စိုက်ဘဏ်ကြွေးကျန်များနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရံပုံငွေများ ချေးငွေရယူဆောင်ရွက်သော တောင်သူများရှိပါက ပြန်လည်ပေးသွင်းဆောင်ရွက်ကြရန် လိုကြောင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
အောင်သူ (ပြန်/ဆက်)