သတင်းများ

ဥတ္တရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာထွန်း ဥတ္တရသီရိမြို့နယ်အတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံ
Jan 15,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ ဇလောင်းကျေးရွာအုပ်စုအတွင်းရှိ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက ဇလောင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဆောင်ရွက်ခဲ့သည်။
လွိုင်လင်ခရိုင် မီးသတ်ဦးစီးဌာနမှူးရုံးတွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်းဖွင့်
Jan 15,2024
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်ခရိုင် မီးသတ်ဦးစီးဌာနမှူးရုံးတွင် ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း (၁/၂၀၂၄) သင်တန်းဖွင့်ပွဲကို ယနေ့နံနက် (၉:၃၀)နာရီက အဆိုပါရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ပါသည်။
ပွင့်ဖြူမြို့နယ်၌ ယခုနှစ် မိုးသီးနှံရာသီက စိုက်ပျိုးခဲ့သည့် စပါးစိုက်ဧက ၆၉၉၄၄ ဧက ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ပြီးစီး
Jan 15,2024
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ၂၀၂၃-၂၀၂၄ ခုနှစ်၊ မိုးသီးနှံစိုက်ပျိုးရာသီတွင် ဒေသခံတောင်သူများ မဲဇလီရေလွှဲဆည်ရေဖြင့် စိုက်ပျိုးခဲ့သည့် စပါးသီးနှံစိုက်ဧက ၆၉၉၄၄ ဧကအား ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလကုန်တွင် ရာနှုန်းပြည့် ရိတ်သိမ်းခြွေလှေ့ ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
နတ်တလင်းမြို့ အ.ထ.က(နတ်တလင်း)ကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကျင်းပ
Jan 15,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အ.ထ.က(နတ်တလင်း)ကျောင်း မနောဟဒယခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
တာချီလိတ်မြို့၊ အ.ထ.က(ခွဲ) ရန်အောင်မြေကျောင်း၌ ပညာရေးစုံညီပွဲတော် ကျင်းပ
Jan 15,2024
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) ရန်အောင်မြေ၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ ပညာရေးစုံညီပွဲတော်အခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။
မုဒုံမြို့၌ သဘာဝဘေးဒဏ်ခံနိုင်သော ရပ်ရွာဖြစ်စေရေး အိုးအိမ်များအားဖြည့်ပြင် ဆင်မွမ်းမံခြင်းလုပ်ငန်းများဆောင်ရွက်
Jan 15,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ် မြို့မ(၂)ရပ်ကွက်ရှိ ဆင်းရဲနွမ်းပါးသည့် နေအိမ်များ သဘာဝဘေးအန္တရာယ်ဒဏ်ခံနိုင်သည့် နေအိမ်များဖြစ်စေရန်အတွက် အိုးအိမ်များအားဖြည့် ပြင်ဆင်မွမ်းမံခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၁၄ ရက်နေ့က စတင်ဆောင်ရွက်သည်။
ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာ သင်တန်းကျောင်း၌ ဗလငါးတန်ပြည့်စုံကြွယ်ဝပြီး ဘက်စုံထူးချွန်ထက်မြက်သော လူငယ်များပေါ်ထွက်လာရေး စာပေစကားဝိုင်းကျင်းပ
Jan 15,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန၊ ပခုက္ကူမြို့၊ အမျိုးသမီးအိမ်တွင်းမှုသက်မွေးလုပ်ငန်း ပညာသင်တန်းကျောင်း၌ ဗလငါးတန်ပြည့်စုံကြွယ်ဝပြီး ဘက်စုံထူးချွန်ထက်မြက်သည့် လူငယ်များပေါ်ထွက်လာစေရေးနှင့် စာဖတ်ရှိန်မြင့်မားလာစေရေးတို့အတွက် ရည်ရွယ်ကာ ယနေ့နံနက် ၉ နာရီအချိန်က စာပေစကားဝိုင်းကျင်းပ ပြုလုပ်သည်။
မိတ္ထီလာမြို့နယ်တွင် တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းနည်းသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများ ဆင်းပွဲအခမ်း အနားနှင့် လုပ်ငန်းသုံးပစ္စည်းများပေးအပ်ပွဲ အခမ်းအနား ကျင်းပ
Jan 15,2024
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် တစ်လုံးထိုးဒီဇယ်အင်ဂျင်ပြုပြင်ထိန်းနည်းသင်တန်း၊ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းများ ဆင်းပွဲအခမ်းအနားနှင့် လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း(မိတ္ထီလာ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။