ပုဗ္ဗသီရိမြို့နယ်တွင် ရာသီတုပ်ကွေးကာကွယ်ဆေးထိုးနှံခြင်းများ ဆောင်ရွက်

ပုဗ္ဗသီရိ ဇန်နဝါရီ ၁၅

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ခုတင် ၅၀ ဆံ့ ဆေးရုံတွင် ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ရာသီတုပ်ကွေးရောဂါ ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ခုတင် ၅၀ ဆံ့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများက ရာသီတုပ်ကွေးရောဂါသည် ရောဂါကူးစက်ခံထားရသူတစ်ဦး၏ နှာချေ၊ ချောင်းဆိုး၊ စကားပြောရာမှ ထွက်လာသော ရောဂါပိုးပါသည့် အစက်အမှုန်များ၊ ကပ်တင်ကျန်ရှိသော အရာဝတ္ထုမျက်နှာပြင်များနှင့် အသုံးအဆောင်ပစ္စည်းများကို ကိုင်တွယ်ထိတွေ့မိပြီး မိမိ၏ ပါးစပ်၊ နှာခေါင်းနှင့် မျက်စိတို့ကို ပြန်လည်ထိတွေ့ခြင်းမှသော်လည်းကောင်း ကူးစက်နိုင်သည်။ ထို့ကြောင့် ရာသီတုပ်ကွေးကာကွယ်ဆေးကို နှစ်စဉ်ထိုးပေးရမည်ဖြစ်ကြောင်း အသိပညာပေးပြောကြားပြီး  ကျား ၃၄ ဦး ၊ မ ၂၇ ဦး၊ စုစုပေါင်း ၆၁ ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)