ဟုမ္မလင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွ​င်ဆေးရောင်ခြယ်ပြိုင်ပွဲနှင့် ပုံပြော၊ ကဗျာရွတ်ပြိုင်ပွဲများ ကျင်းပ

ဟုမ္မလင်း ဇန်နဝါရီ ၁၅

စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား/သူများအား ဥာဏ်ရည်၊ဥာဏ်သွေး ဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးထက်မြတ်လာစေရန် အသိပညာဗဟုသုတများ တိုးတက်လာစေရန်ရည်ရွယ်၍ ဆေးရောင်ခြယ်ပြိုင်နှင့်ပုံပြော၊ ကဗျာရွတ်ပွဲများကိုဇန်နဝါရီ (၁၅) ရက်နေ့၊ နေလည် (၁) နာရီခွဲအချိန်ကလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ရှေ့ဦးစွာ ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးလိုင်းလင်းမူက ပြိုင်ပွဲကျင်းပပေးရခြင်း နှင့်စည်းမျဥ်းစည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ မူလွန်(အ.မ.က-၁) ကျောင်းမှ ကျောင်းသား/သူ (၃၀) ဦးက ဝင်ရောက် ယှဥ်ပြိုင်ခဲ့ကြပြီး၊ ပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆု တတိယဆု၊ ဆုရရှိသူများကို ဟုမ္မလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူးနှင့် တာဝန်ရှိသူများက ဆုများအား အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြကြောင်းသိရှိရသည်။

ဟုမ္မလင်း (ပြန်/ဆက်)