ကျိုက်မရော ဇန်နဝါရီ ၁၅
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် အခြေခံပညာအထက်တန်းကျောင်း၏ ပညာရေးစုံညီပွဲတော်ကို ယနေ့နံနက် ၁၀ နာရီက(ပညာအားမာန်)ခန်းမ၌ ပြုလုပ်သည်။
အခမ်းအနားတွင် ကျောင်းသား၊ ကျောင်းသူလေးများက စုံညီပွဲတော်တို့နွှဲပျော် သီချင်းဖြင့်သီဆိုကာ ဖွင့်လှစ်ခဲ့ကြပြီး မြို့နယ်ပညာရေးမှူးဒေါ်စုစုဌေးက ကာယ၊ ဉာဏ၊ စာရိတ္တ၊ ရသ သက်မွေးဘက်စုံပညာရေးဟူသောဆောင်ပုဒ်နှင့်အညီ ကျောင်းသား၊ ကျောင်းသူများဘက်စုံထူးချွန်စေရေးအတွက် ပညာရေးစုံညီပွဲတော်ကျင်းပရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားသည်။
ထို့နောက် အထိမ်းအမှတ်နေ့များအလိုက် ကျင်းပခဲ့သည့်ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိသူများနှင့် မြို့နယ်အဆင့် ဘာသာရပ်အလိုက်ထူးချွန်ဆုရရှိသူများအား တာဝန်ရှိသူများက ဆုများချီးမြှင့်ခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်ဖော်၊ ရိုးရာယဥ်ကျေးမှုအက အလှများဖြင့်ဖျော်ဖြေခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)