မိုင်းယောင်း ဇန်နဝါရီ ၁၆
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက ယမန်နေ့တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ခရိုင်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ဒွန်းနွဲ့အုပ်စု ဒွန်းနွဲ့ကျေးရွာတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ စီမံမှုဖြင့် ဒွန့်နွဲ့ကြိုးတံတားတည်ဆောက်နေမှုအား ကွင်းဆင်းစစ်ဆေးခဲ့ရာ သက်ဆိုင်ရာတာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် ခရိုင်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနိုင်သည် ဝမ်ဘိုးအုပ်စု ဝမ်ဘိုးကျေးရွာ ဘုန်းတော်ကြီးကျောင်းတွင် ဆုဝဏ္ဏစေတီ ထီးတော်တင်လှူနိုင်ရေးများကို ကွင်းဆင်းဆောင်ရွက်ခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူးရုံးခန်းတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေကျပ် ၉၈ ဒသမ ၉၈ သန်းဖြင့် ဟိန်းစုမြတ်ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်မည့် အရှည် ၁၅၃၁၀ ပေရှိ မြို့တွင်းမီးလင်းရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ပြုလုပ်ကျင်းပခဲ့သည်။
အလားတူ မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် မိုင်းလွေအုပ်စု ဝမ်ပေါက်ကျေးရွာတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ ပြည်ထောင်စုငွေလုံးငွေရင်း (နိုင်ငံတော်-၁၅ သန်း၊ ပြည်သူ-၇ သန်း) စုစုပေါင်းငွေကျပ် ၂၂ သန်းဖြင့် အရှည်(၂၂)ပေ၊ အကျယ်(၇)ပေ၊ အမြင့်(၁၂)ပေရှိ ဝမ်ပေါက်ကျေးရွာ သံကူကွန်ကရစ်တံတား တည်ဆောက်မှုအခြေအနေကို ကွင်းဆင်းစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးသက်ဆွေသည် ဝမ်ဘိုးအုပ်စု ဝမ်ပုံကျေးရွာတွင် ဝမ်ပုံဆရာတော်၏ ဩဝါဒဖြင့် စေတီတော်တည်ထားမည့်နေရာ သတ်မှတ်ဆောင်ရွက်ထားရှိမှုကို သွားရောက်ဖူးမြော်ကြည့်ရှုခဲ့ကြောင်း သိရသည်။
ထွန်းမြင့်လှိုင်(ပြန်/ဆက်)