တောင်ငူမြို့၌ ၂၀၂၃ ခုနှစ်၊ မိုးရာသီတိရစ္ဆာန်အစာပင် နေဗီယာမြက် စိုက်ပျိုးခြင်း သရုပ်ပြသ

တောင်ငူ   ဇွန် ၂၄

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့၊ ကံရိုးကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မွေးမြူရေးနှင့် ကုသရေးအဖွဲ့တို့ပူးပေါင်း၍ ၂၀၂၃ ခုနှစ် မိုးရာသီတိရစ္ဆာန် အစာပင် စိုက်ပျိုးခြင်း ရက်သတ္တပတ်အစီအစဉ်ဖြင့် နေဗီယာမြက်စိုက်ပျိုးသရုပ်ပြသခြင်းကို ယနေ့နံနက် (၉)နာရီအချိန်က တောင်သူ ဦးသာယာဂျန်း၏ ရွာမြေ (၁) ဧက၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ တောင်ငူခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါက်တာနေစိုးက ကျွဲ၊ နွား၊ မွေးမြူရေးတွင် အစားရှားပါးမှု လျော့ နည်းစေရန်၊ စိုက်ပျိုးမွေးမြူရေးသမားများနှင့် တောင်သူဦးကြီးများ၏ ကျွဲ၊ နွား၊ တိရစ္ဆာန်များ အစာအဟာရလုံလောက်စွာ ရရှိပြီး အသားဓါတ် ကြွယ်ဝစေရန်၊ အစာအာဟာရပြည့်ဝစေသော အစာများစားသုံးခြင်းဖြင့် ကျန်းမာစေရန်နှင့် မွေးမြူရေးသမားများအနေဖြင့် မွေးမြူ ရေးလုပ်ငန်းမှ အမြတ်အစွန်းများစွာရရှိစေရေးအတွက်  ရည်ရွယ် စိုက်ပျိုးစေခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။

ထို့နောက် နေဗီယာမြက် စိုက်ပျိုးသရုပ်ပြသရာတွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနခရိုင် ဦးစီးမှူး ဒေါက်တာနေစိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဉာဏ်လင်းအောင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှဝန်ထမ်းများ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ စိုက်ပျိုးမွေးမြူရေးသမားများနှင့် တောင်သူဦးကြီးများက လက်တွေ့စိုက်ပျိုးခဲ့ပြီး နေဗီယာမြက်မျိုးများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)