ဒဂုံ ဇွန် ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ဒဂုံမြို့နယ်၊ ပြည့်သူ့ကျန်းမာရေးဦးစီးဌာနသို့ ဆေးဘက်ဆိုင်ရာ နည်းပညာတက္ကသိုလ် (ရန်ကုန်)၊ ကျန်းမာရေးသတင်းအချက်အလက် နည်းပညာ (၁/၂၀၂၃)သင်တန်းမှ ကျောင်းသား၊ ကျောင်းသူများက ယမန်နေ့နံနက် ၁၀ နာရီ အချိန်က လာရောက်ကွင်းဆင်းလေ့လာခဲ့ကြကြောင်း သိရသည်။
ထိုသို့လာရောက်လေ့လာကြရာတွင် ကျောင်းသား/ကျောင်းသူ စုစုပေါင်း (၁၂) ဦးတို့က ဒဂုံမြို့နယ် ပြည်သူ့ ကျန်းမာရေးဦးစီးဌာနရှိ ပြင်ပလူနာဌာန၊ တီဘီရောဂါဌာန၊ HIV ရောဂါဌာန၊ ကလေး ဆေးခန်း၊ သက်ကြီးရွယ်အိုဌာန၊ မိခင်နှင့်ကလေးဌာန၊ကျောင်း ကျန်းမာရေးဌာန၊ ဆီးချို၊ သွေးချိုဌာန၊ ကာကွယ်ဆေးထိုးဌာနများ အသီးသီးသို့ သွားရောက်ကွင်းဆင်း လေ့လာခဲ့ကြသည်။ သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများကလည်း ပြန်လည်ရှင်း လင်း ပြောကြားပေးခဲ့ကြပြီး Public Health Information System နှင့်ပတ်သက်၍ စာတွေ့လက်တွေ့ လေ့လာဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ကြည်ဇေသော်