စလင်း ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် ရွှေဇံသီးကျေးရွာအုပ်စု၊ရွှေဇံသီးကျေးရွာ နတ်အင်းချောင်း(မျောပိုင်)အခြေပြု ကျောက်စီမြေထိန်းနံရံ ပြုလုပ်ဆောင်ရွက်ခြင်းကို ဇွန်လ(၆) ရက်နေ့ကစတင်၍ (Champion Carwn)ကုမ္ပဏီမှ တာဝန်ယူဆောင်ရွက်နေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်နှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့သည်။
စလင်းမြို့နယ် ရွှေဇံသီးကျေးရွာ နတ်အင်းချောင်း(မျောပိုင်)အခြေပြုကျောက်စီ မြေထိန်းနံရံဆောင်ရွက်မှုကိုဆောက်လုပ်ရေးဝန်ကြီးဌာနတွင် တင်ဒါအောင်မြင်၍ ၂၀၂၂၊၂၀၂၃ ဘဏ္ဍာနှစ် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုခွင့်ပြုရန်ပုံငွေဖြင့် (Champion Crawn) ကုမ္ပဏီမှ တာဝန်ယူ၍ ရေမြောင်းတူးဖော်ခြင်းနှင့် သံခြင်းများပြုလုပ်ဆောင်ရွက်ကာ သံခြင်းများထဲသို့ ကျောက်ကြီးများထည့်၍ မြေသားကိုကာပြီးအပေါ်မှ နိုင်လွန်ပိုက်ဖြင့်ဖုန်းအုပ်၍ ပြုလုပ် ဆောင်ရွက်မည်ဖြစ်ပြီးနတ်အင်းချောင်းသည် ရွှေဇံသီးကျေးရွာ၏ အနောက်ဖက်တွင်တည်ရှိပြီး ယခုအခါချောင်းရေ တိုက်စား၍ လယ်ယာမြေများ ချောင်းရေတိုက်စားပြီး ကျေးရွာအားအန္တရာယ် ဖြစ်စေနိုင်၍ ချောင်းရေတိုက်စားမှု အန္တရာယ်မှ ကာကွယ်ရန်အတွက် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ဒေသ(၄) မကွေးတိုင်း ဒေသကြီးရုံးမှ တင်ဒါခေါ်ယူခဲ့ပြီး တင်ဒါအောင်မြင်ပြီးဖြစ်သော(Champion Crawn)ကုမ္ပဏီမှ မျောပိုင်အခြေပြု ကျောက်စီမြေထိန်းနံရံအလျား (၄၇၀)ပေ တည်ဆောက်ခြင်းကို ၂၀၂၂၊၂၀၂၃ ဘဏ္ဍာရေးနှစ် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ခွင့်ပြုရန်ပုံငွေ(၁၉၅.၀၀) သန်း အကုန်အကျခံကာ တည်ဆောက်နေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးနေလင်းနိုင်နှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီးလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီးဇူလိုင်လ ထဲတွင် အပြီးတည်ဆောက်ပေးမည်ဖြစ်ကြောင်းကို (Champion Crawn)ကုမ္ပဏီ ဦးဝေလင်းထံမှ သိရသည်။
(မောင်လွင်) စလင်း