စလင်း ဇွန် ၂၅
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ် အောက်လှိုင်းကျေးရွာအုပ်စု ပိန်နဲပင်ကြေးရှာ၊ တောင်သူ ဦးကိုကိုလွင်၏ မြေ(၁)ဧကတွင် မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရန်အတွက် အဟာရ ပြည့်ဝသော တိရိစ္ဆာန်အစာပင်များကို စိုက်ပျိုး၍ မွေးမြူရေးစနစ်ကို ကျင့်သုံးပြီးဒေသခံ တိရိစ္ဆာန်မွေးမြူရေးအနေဖြင့် လိုက်နာကျင့်သုံးတတ်စေရန် ရည်ရွယ်၍ ဇွန် ၂၃ ရက်နံနက်(၈)နာရီက နေဗီယာ မြက်များ သရုပ်ပြစိုက်ပျိုးခဲ့ကြောင်း သိရသည်။
တိရိစ္ဆာန်အစာပင် နေဗီယာမြက်များ စိုက်ပျိုးရာ၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ ဒေါက်တာ အောင်သူရ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စိုက်ပျိုးရေးဌာန၊ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှတာဝန်ရှိသူများ၊ အောက်လှိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ ဒေသခံတောင်သူများစုပေါင်းစိုက်ပျိုးခဲ့ကြောင်းနှင့် နေဗီယာမြက်သည်ပရိုတင်းပါဝင်မှုများသဖြင့် တိရိစ္ဆာန်ကြီးထွားမှုနှုန်းမြန်စေရေးအတွက် တောင်သူများကိုယ်တိုင် စိုက်ပျိုးကျွေးခြင်းဖြင့် အစာစရိတ်သက်သာလွယ်သူစေပြီး တစ်ခါစိုက်ပျိုးထားပါက (၇)နှစ် (၈)နှစ်အထိရိတ်သိမ်း ကျွေးနိုင် ကြောင်း စိုက်ပျိုးရာတွင် လွယ်ကူပြီး ရာသီဥတုဒဏ်ခံနိုင်၍ အထွက်နှုန်းကောင်းသဖြင့် တစ်ဧက တစ်ခါရိတ်သိမ်းပါက ကုန်တန်ချိန် (၁၅၀)တန်ကျော်အထိရရှိစေပြီး ကျွဲ၊ နွား၊ ကြက်၊ ဝက်၊ သိုး၊ ဆိတ် စသည့်တိရိစ္ဆာန်မျိုးစုံအား ကျွေးမွေးနိုင်ကြောင်းနှင့် ပိုလျှံသည့် နေဗီယာမြက်အစိုများကို အစာအခြောက်ပြုလုပ်၍ ချဥ်ပတ်ပြုလုပ်ပြီးအစာရှားပါးချိန်များတွင် ထုတ်ယူကျွေးမွေးနိုင်သဖြင့် အကျိုးအမြတ် အလွန်များကြောင်း သိရသည်။
(မောင်လွင်)စလင်း