ပျဉ်းမနား ဇွန် ၂၅
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၌ ယမန်နေ့ နံနက်ပိုင်းက စိုက်ပျိုးရေးသိပ္ပံနှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အဖြစ် တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် ပြခန်းများ ပြသထားရှိရာ ပြသထားရှိရာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စည်ကားသိုက်မြိုက်စွာ လာရောက်လေ့လာကြည့်ရှုခဲ့ကြ ကြောင်း သိရသည်။
အဆိုပါ နှစ် ၁၀၀ ပြည့် အထိမ်းအမှတ် အခမ်းအနားတွင် တည်ထောင်ခြင်း နှစ် ၁၀၀ ပြည့်အထိမ်းအမှတ် ပြခန်းများအဖြစ် ခေတ်အဆက်ဆက် သင်ရိုးညွှန်းတမ်းများနှင့် သင်ထောက်ကူပြခန်းများ၊ ပညာရှင်များ မွေးထုတ်ပေးခဲ့ နိုင်မှုပြခန်းများ၊ စိုက်ပျိုးရေးသိပ္ပံကျောင်းများ ဖွံ့ဖြိုးတိုးတက်လာမှုပြခန်းများ၊ လယ်ယာသုံး စက်ကိရိယာပြခန်း များ၊ မျိုးစေ့နှင့် သွင်းအားစုပြခန်းများစွာ ပြသခဲ့သည်။ ထို့အပြင် စိုက်ပျိုးရေးသိပ္ပံအဖြစ် စတင်တည်ထောင် စဉ်ကာလက အသုံးပြုခဲ့ကြတဲ့ လယ်ယာသုံးစက်ကိရိယာများနှင့် လက်ရှိအသုံးပြုလျက်ရှိသည့် ခေတ်မီ စက်ကိရိယာများကိုလည်း စိတ်ဝင်စားဖွယ် ပြသထားရှိရာ ပြည်သူများနှင့် ကျောင်းသား၊ ကျောင်းသူများ စည်ကားသိုက်မြိုက်စွာ လာရောက်လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
၁၉၂၃ ခုနှစ်တွင် ဆောက်လုပ်ခဲ့တဲ့ စိုက်ပျိုးရေးသိပ္ပံ (ပျဉ်းမနားရှိ လယ်ယာစက်မှု အဆောက်အအုံကြီးအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ရဲ့ ရှေးဟောင်းအဆောက်အအုံ အမှတ် နပတ-၃၀၀၁ အဖြစ် သတ်မှတ်ပေးထားကြောင်း၊ စိုက်ပျိုးရေးသိပ္ပံ(ပျဉ်းမနား)၏ ဂုဏ်ယူဖွယ် နှစ် ၁၀၀ ပြည့် အထိမ်း အမှတ် အခမ်းအနားဖြစ်ပါကြောင်း တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
မျိုးသီဟ(ပြန်/ဆက်)