ဝေါလေမြိုင်မြို့၌ လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန်ဝေ

ဝေါလေမြိုင် ဇွန် ၂၄

ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့ မွန်းလွဲ ၂ နာရီခွဲ က အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် သတင်းစကားလက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို အ.ထ.က(ဝေါလေမြိုင်)ကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ရှေဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး၊ ဒေါ်နှင်းဝေဦးက အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါး၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ မူးယစ်ဆေးဝါးများဖြစ်သော စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေး၊  စိတ်ပြောင်းဆေးအမျိုးအစားများ၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်လာသည့် စိတ်ပိုင်းဆိုင်ရာနှင့် ရုပ်ပိုင်းဆိုင်ရာ ပြဿနာများ၊ နောက်ဆက်တွဲဆိုးကျိုးများကို ကျောင်းသား၊ ကျောင်းသူများ နားလည်သဘောပေါက်စေရန် ဟောပြောခဲ့ပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ  တာဝန်ခံ ဦးကျော်ညီညီလတ်က မူးယစ်ဆေးဝါးနှင့်ပက်သတ်၍ ကျောင်းသား၊ ကျောင်းသူများ သိရှိလိုက်နာရမည့် အချက်များကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက်ကျောင်းသား၊ ကျောင်သူများအတွက် ဗဟုသုတရစေမည့်နံရံကပ်စာစောင်များ ခင်ကျင်းပြသပေးပြီး အသိပညာပေး သတင်းစကားလက်ကမ်းစာစောင်များ အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

နှင်းဝေဦး(ဝေါလေမြိုင်)