ဝေါလေမြိုင် ဇွန် ၂၄
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး Talk Show ကို ယမန်နေ့ မွန်းလွဲ၁နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုအသိပညာပေး ဆွေးနွေးပွဲတွင် မြို့ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နှင်းဝေဦးက အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး (Talk Show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် မူးယစ်ဆေးဝါး၏ အဓိပ္ပာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ရရှိလာသည့် ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးများဖြစ်သော စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေး၊ စိတ်ပြောင်းဆေး အမျိုးအစားများအကြောင်းကိုလည်းကောင်း၊ အငယ်တန်းစာရေး၊ ဒေါ်ဖြူစင်မိုးက မူးယစ် ဆေးဝါးများဖြစ်သော စိတ်ကြွဆေး၊ စိတ်ငြိမ်ဆေး၊ စိတ်ပြောင်းဆေး သုံးစွဲသူများ၏ ဖြစ်ပေါ်တတ်သော လက္ခဏာများကိုလည်းကောင်း အသီးသီးဆွေးနွေးပေးခဲ့ကြကြောင်း သိရသည်။
နှင်းဝေဦး(ဝေါလေမြိုင်)