ပျဉ်းမနား ဇွန် ၂၅
နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်မောင်သန်း၊ ပျဉ်းမနား မြို့ မြို့မိမြို့ဖများနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပျဉ်းမနားမြို့၊ ကန်တော်မင်္ဂလာရှမ်းကန် အဆင့် မြှင့်တင်ခြင်းလုပ်ငန်းနှင့် ကန်ပတ်ဝန်းကျင်သာယာလှပရေး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးနှင့် တာဝန်ရှိသူများသည် ကန်တော်မင်္ဂလာ ရှမ်းကန်အတွင်း ရေလယ်ဘုရားကျောင်းဆောင် ဖောင်ဒေးရှင်းကွန်ကရစ် လောင်းခြင်းနှင့် ဆက်စပ်လုပ်ငန်းများ၊ ဘုရားကျောင်းဆောင်သို့ လျှောက်လမ်းတည်ဆောက်ရန်အတွက် ပြင်ဆင်ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးပြီး ရေလယ်ကျောင်းဆောင်နှင့် လျှောက်လမ်းအဆင့်မြှင့်တင် တည်ဆောက်ခြင်း ဖောင်ဒေးရှင်းလုပ်ငန်းများကို အချိန်မီတည်ဆောက်ပြီးစီးစေရေး ဆောင်ရွက်ရန်၊ မြို့မိမြို့ဖများ အနေဖြင့်လည်း လုပ်ငန်းများအချိန်မီ ဆောင်ရွက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြရန်နှင့် လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းစေရေး ဂရုပြုဆောင်ရွက်ကြ ရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)