သတင်းများ

တနိုင်းမြို့နယ်၌ ၂၀၂၃ ခုနှစ်  ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့ အထိမ်းအမှတ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲ ကျင်းပ
Jun 28,2023
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်၌ ၂၀၂၃ ခုနှစ် ကမ္ဘာ့သစ်ပင်စိုက်ပျိုးရေးနေ့  အထိမ်းအမှတ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပွဲတော်ကို ယမန်နေ့နံနက် ၇ နာရီခွဲက လီဒိုလမ်းမကြီး လမ်းဘေး ဝဲ/ယာ၌ စိုက်ပျိုးခဲ့ကြသည်။
ငပုတောမြို့၌ စားသုံးသူရေးရာဦးစီးဌာနနှင့် ပုသိမ်ခရိုင်ဆီကုန်သည်၊ ဆီလုပ်ငန်းရှင်များ အသင်းတို့ ပူးပေါင်း၍ ဆီတစ်ပိဿာ (၄၃၀၀)ကျပ်နှုန်းဖြင့် ရောင်းချပေး
Jun 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် ပုသိမ်ခရိုင်၊ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ အသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက ငပုတောမြို့ တောင်ပိုင်းရပ်ကွက် ဒေါနလမ်းတွင် ဆီတစ်ပိဿာ လျှင် (၄၃၀၀)ကျပ်ဖြင့် ဒေသခံပြည်သူများကို သက်သာသော စျေးနှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။
မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး မွေးမြူရေးလုပ်ငန်းများ တစ်ပိုင်တစ်နိုင်မှစီးပွားဖြင့်လုပ်ကိုင်နိုင်စေရန်  ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ သိန်း၃၀၀ ဖြင့် ကျေးရွာ (၅)ရွာကို  ထုတ်ချေးပေးသွားမည်
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်အတွင်းရှိ ကျေးရွာများတွင် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ တစ်ပိုင်တစ်နိုင်မှ စီးပွားဖြင့်လုပ်ကိုင်နိုင်စေရန် ကျေးရွာတစ်ရွာလျှင် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ သိန်း ၃၀၀ဖြင့် ကျေးရွာ ၅ ရွာကို ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
ငါန်းဇွန်မြို့၌ ကျောင်းမုန့်ဈေးတန်းတွင် စားသုံးရန် မသင့်သည့် အစားအစာများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်
Jun 28,2023
မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့  အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့  နံနက် ၈နာရီခွဲက စားသုံးသူရေးရာဦးစီးဌာနမှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့် ကာယပညာဦးစီးဌာနတို့နှင့် ပူးပေါင်း၍ ကျောင်းသား/သူများ ကျန်းမာရေးထိခိုက်မှု မရှိစေရန်အတွက် ကျောင်းမုန့်ဈေးတန်းတွင် ရောင်းချလျက်ရှိသော ဈေးဆိုင်များအား စားသုံးရန် မသင့်သည့် အစားအစာများ ရောင်းချမှု မရှိစေရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Jun 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းအသွင်ဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁၀)နာရီခွဲက တမွှတ်​ကျေးရွာ၊ အောင်တော်မူ ရွာလယ်ဓမ္မာရုံနှင့် မွန်းလွဲ(၁)နာရီတွင် ဓနှုံးချောင်းကျေးရွာ ဓမ္မပါလ တန်ဆောင်းတော်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ဒေးဒရဲမြို့၌ အ​​ခြေခံပညာ ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ ထိုးနှံ
Jun 28,2023
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ အ​ခြေခံပညာကျောင်းများတွင် ပညာသင်ကြားလျက်ရှိသည့် ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကင်းစင်၍ ပညာသင် အခွင့်အလမ်းများ မဆုံးရှုံးစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ဦးဆောင်မှုဖြင့် KG တန်း ကလေးငယ်များနှင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး တစ်ကြိမ်တစ်ခါမှ ထိုးနှံဖူးခြင်း မရှိသေးသော ကျောင်းသား၊ ကျောင်းသူများအား (Sinophren) ကာကွယ်ဆေးများကို ယနေ့နံနက် (၁၀)နာရီက စတင်၍ မြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများတွင် ထိုးနှံပေးလျက်ရှိသည်။
မိုးကုတ်မြို့နယ်တွင် အီလက်ထရောနစ် မှတ်ပုံတင်ဦးစီးဌာနမှ Biographic နှင့် Biometric အချက်အလက်များ ကောက်ယူပြီး Unique ID (UID) ထုတ်ပေးခြင်း လုပ်ငန်းများ စတင်ဆောင်ရွက်
Jun 28,2023
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် မြို့မရပ်ကွက် မိုးလုံလေလုံ အားကစားခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာ နက e - ID စနစ်ဖြင့် နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ Biographicနှင့် Biometric အချက်အလက်များ ကောက်ယူပြီး Database အတွင်း ထိန်းသိမ်းကာ ဂဏန်း (၁၀) လုံး ပါဝင်သော Unique ID (UID) နံပါတ်ပါ ကတ်ပြားများ ထုတ်ပေးခြင်းကို ဇွန်လ (၂၇)ရက်နေ့မှ စတင်၍  စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများချီးမြှင့်
Jun 28,2023
(၃၆)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ခဲ့သည့် ပန်းချီ၊ ကာတွန်း၊ ပိုစတာ၊ ကွန်ပျူတာပန်းချီပြိုင်ပွဲများတွင် ထူးချွန်ဆုရရှိကြသူများအား ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့ နံနက်ပိုင်းအချိန်က ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့ရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ သက်ဆိုင်ရာတာဝန်ရှိပုဂ္ဂိုလ်များ၊ ထူးချွန်ဆုရရှိကြသူများနှင့် အထူးဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြသည်။