မိုးကုတ် ဇွန် ၂၈
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ် မြို့မရပ်ကွက် မိုးလုံလေလုံ အားကစားခန်းမတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ အီလက်ထရောနစ်မှတ်ပုံတင်စနစ် ဦးစီးဌာ နက e - ID စနစ်ဖြင့် နိုင်ငံအတွင်း နေထိုင်သူ တစ်ဦးချင်းစီ၏ Biographicနှင့် Biometric အချက်အလက်များ ကောက်ယူပြီး Database အတွင်း ထိန်းသိမ်းကာ ဂဏန်း (၁၀) လုံး ပါဝင်သော Unique ID (UID) နံပါတ်ပါ ကတ်ပြားများ ထုတ်ပေးခြင်းကို ဇွန်လ (၂၇)ရက်နေ့မှ စတင်၍ စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဘုန်းနိုင်နှင့် ဝန်ထမ်းများက ဌာနဦးတည်အုပ်စုများအလိုက် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များအား ၎င်းတို့၏ နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ယူဆောင်လာစေပြီး Biographic နှင့် Biometric အချက်အလက်များ ကောက်ယူ၍ Database အတွင်း မှတ်တမ်းထိန်းသိမ်းကာ ဂဏန်း(၁၀)လုံး ပါဝင်သော Unique ID (UID)နံပါတ်ပါ ကတ်ပြားများကို နေ့ချင်းအပြီး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ Biometric အချက်အလက်များ ကောက်ယူခြင်းနှင့် Unique ID (UID) ထုတ်ပေးခြင်းတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိပြီး အချက်အလက်ကောက်ယူခြင်းနှင့် Unique ID ထုတ်ပေးခြင်းကို ဇွန်လ(၂၇)ရက်နေ့မှ စတင်၍ ရုံးချိန်အတွင်း နံနက် (၁၀:၀၀) နာရီမှ ညနေ (၄:၀၀) နာရီအထိ ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။
ကြည်ကြည်နွဲ့ (ပြန်/ဆက်)