သတင်းများ

တံတားဦးမြို့နယ်တွင် တိရစ္ဆာန် အစာပင် နေဗီယာမြက် သရုပ်ပြစိုက်ပျိုးပွဲ ကျင်းပ
Jun 27,2023
၂၀၂၃-ခုနှစ် မိုးရာသီ တိရစ္ဆာန်အစာပင် နေဗီယာမြက် သရုပ်ပြ စိုက်ပျိုးခြင်းကို ယနေ့နံနက်(၈)နာရီက တံတားဦးခရိုင် တံတားဦးမြို့ အမှတ်(၃)ရပ်ကွက် ကွင်းအမှတ်(၁၃၁၅)ကွင်း မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သည့် တောင်သူ ဦးကျော်ဝင်း၏ (၁.၂)ဧကကွက်၌ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦးနှင့် ဝန်ထမ်းများ၊  ဌာနဆိုင်တာဝန်ရှိသူများက ကွင်းဆင်းစိုက်ပျိုးကြကြောင်း သိရသည်။
မြစ်သားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် မူးယစ်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jun 27,2023
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အဖြစ် ၂၀၂၃ခုနှစ်၊ ဇွန်လ (၂၆)ရက်နေ့တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့်  အခြေခံပညာဦးစီးဌာနတို့  ပူးပေါင်းကျင်းပသော  မူးယစ်ပန်းချီပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့သည်။
တန့်ယန်းမြို့နယ်တွင် မြို့တွင်းလမ်းများကောင်းမွန်ရေးအတွက် အဆင့်မြှင့်တင်ဆောင်ရွက်ပေး
Jun 27,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ မြို့သန့်ရှင်သာယာလှပစေရန်နှင့် မြို့တွင်းလမ်းများ ကောင်းမွန်စေရန်အတွက် မြို့နယ်စည်ပင်သာယာရေးဌာနမှ ဘဏ္ဍာနှစ်အလိုက် ခွင့်ပြုရန်ပုံငွေပေါ် မူတည်၍ နှစ်စဥ် ဆောင်ရွက်ပေးနေလျက်ရှိရာ အမှတ်(၂)ရပ်ကွက်နယ်မြေ ‌ဝေဠုဝန်လမ်းအား မြေသားလမ်းမှ ကတ္တရာလမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးနေသည်။
မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ခရိုင်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ
Jun 27,2023
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ ခရိုင်အဆင့်ဓမ္မစကြာနှင့် အနတ္တလက္ခဏသုတ် အလွတ်ရွတ်ဆိုပူဇော်မှုပြိုင်ပွဲ ဆုချီးမြှင့်ပွဲ အခမ်းအနားကို ဇွန်လ ၂၆ ရက်နေ့မွန်းလွဲ ၃ နာရီက မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်ရှိ ကျောင်းထိုင်ဘုန်းကြီးသင်တန်းကျောင်း၊ ရွှေအင်းဝဓမ္မာရုံတွင် ကျင်းပပြုလုပ်သည်။
စလင်းမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ၂၀၂၃၊ ၂၀၂၄ ပညာသင်နှစ် (KG တန်းမှ Grade-12) အထိ ကျောင်းသား၊ ကျောင်းသူကလေးငယ်များ တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများအား (Sinovac. Vaccine) ဆေးများ ထိုးနှံပေး
Jun 27,2023
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းတွင် ၂၀၂၃၊ ၂၀၂၄ ပညာသင်နှစ် ပထမအကြိမ် တစ်ကြိမ်တစ်ခါမျှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ မထိုးနှံရသေးသည့် ကျောင်းသား၊ ကျောင်းသူကလေးငယ်များအား ကျန်းမာရေးဦးစီးဌာနမှ ယနေ့ဇွန်လ(၂၆)ရက် နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း၌ ထိုးနှံလျက်ရှိကြောင်း သိရသည်။
ပုဂံကမ္ဘာ့အမွေအနှစ်ဒေသ မြင်းကပါကျေးရွာရှိ မနုဟာမင်းကြီးကောင်းမှုတော် မနုဟာဘုရားဖူးမြော်ပြီး ဗောဓိပက္ခိယတရား(၃၇)ပါးသရုပ်ဖော်တည်ထားသည့် စေတီငယ်(၃၇)ဆူဖူးမြော် လေ့လာနိုင်
Jun 27,2023
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံ-ညောင်ဦးရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ဘုရားဖူးလာရောက်သည့်အခါ မြင်းကပါကျေးရွာရှိ မနုဟာမင်းကြီးကောင်းမှုတော် မနုဟာဘုရားဖူးမြော်ပြီး ဗောဓိပက္ခိယတရား(၃၇)ပါးသရုပ်ဖော်တည်ထားသည့် စေတီငယ် (၃၇)ဆူတည်ထားမှုအားလေ့လာနိုင်ကြောင်းသိရသည်။
လယ်ဝေးမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများရှိ ပြည်သူ ၄၆၅ ဦးအား ဇီဝဆိုင်ရာအချက် အလက်များ ကောက်ယူပြီးစီး
Jun 27,2023
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လယ်ဝေးမြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးခင်မောင်ထွေးနှင့် ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများတွင် ဇီဝဆိုင်ရာ အချက်အလက် (Biometric Data) ကောက်ယူခြင်းလုပ်ငန်းများအား ဆက်လက်ဆောင်ရွက် လျက်ရှိသည်။
မအီမြို့ ဆံထုံးကျေးရွာတွင် ကိုယ်ထူကိုယ်ထ ရွာလယ်ချောင်းတံတားဖွင့်ပွဲ ကျင်းပ
Jun 27,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့၊ လက်ပံကျေးရွာအုပ်စု၊ ဆံထုံးကျေးရွာတွင် မိုးတွင်းကာလ သွားလာရ လွယ်ကူစေရေးအတွက် ကိုယ်ထူကိုယ်ထ စုပေါင်းတည်ဆောက်ခဲ့သည့် ရွာလယ်ချောင်းတံတားဖွင့်ပွဲကို ယမန်နေ့ နံနက်ပိုင်းက အဆိုပါ တံတားတည်ရှိရာ ရွာလယ်ချောင်း၌ ကျင်းပခဲ့သည်။