ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ပြည်သူများနှင့် တွေ့ဆုံဆွေးနွေး

ဒေးဒရဲ ဇွန် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးတိုးတက်စေရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါဝင်သော အုပ်ချုပ်​ရေး၊ နိုင်ငံရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ လူမှုရေး၊ စည်းရုံးရေးစသည့် စစ်ကြောင်းကြီး ငါးကြောင်းအသွင်ဖြင့် ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံပွဲကို ယမန်နေ့နံနက် (၁)နာရီခွဲက တမွှတ်​ကျေးရွာ၊ အောင်တော်မူ ရွာလယ်ဓမ္မာရုံနှင့် မွန်းလွဲ()နာရီတွင် ဓနှုံးချောင်းကျေးရွာ ဓမ္မပါလ တန်ဆောင်းတော်တွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်() ဗိုလ်မှူးမွန်မြတ်သူစိုး  ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ပူးပေါင်းဆောင်ရွက်ရေးနှင့် လိုအပ်ချက်များကို မြို့နယ်သက်ဆိုင်ရာ အဖွဲ့အစည်းများသို့ ဆက်သွယ်ဆောင်ရွက်သွားရန်ပြည်သူများအား ရပ်ရွာအေးချမ်းသာယာရေးလုပ်ငန်းများ ဆောင်ရွက်နေမှုများ ရှင်းလင်းဆွေးနွေးခဲ့ပြီး အတွင်းရေးမှူး ရဲမှူးသက်နိုင်ဦးက တရားဥပဒေစိုးမိုးရေးကိစ္စရပ်များ၊  ကျေးရွာလုံခြုံရေး ကိစ္စရပ်များကို တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆက်လက်၍  မြို့နယ်အဆင့် ဌာနဆိုင်ရာများက သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးခဲ့ရာ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများ၊ ကျေးရွာချင်းဆက် လမ်းများဆောင်ရွက်ပေးနိုင်ရေး၊ ကျေးလက်ဒေသရှိ တောင်သူများ သွင်းအားစုများ စျေးနှုန်းချိုသာစွာရရှိနိုင်ရေး သဘာဝဘေးအန္တရာယ်နှင့် သွေးလွန်တုပ်ကွေး ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများစသည့် ကိစ္စရပ်များကို ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

ယင်းနောက် ရပ်မိရပ်ဖများ၊ ကျေးရွာနေပြည်သူများ၏ တင်ပြလာမှုများ အခက်အခဲများကို သက်ဆိုင်ရာဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အေဇာလင်း