မုံးထမြို့၌ ဆူကာအညွှန့်များစိုက်ပျိုးရောင်းချသူများအဆင်ပြေ

မုံးထ ဇွန် ၃၀

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မုံးထမြို့၌ တောင်သူဦးစောမသူသည် တစ်ပိုင်တစ်နိုင် ဆူကာအညွှန့်များ စိုက်ပျိုးရောင်းချလျက်ရှိရာ ရောင်းအားကောင်းပြီး ဈေးကောင်းရရှိသဖြင့် မိသားစုအပိုဝင်ငွေရရှိကာ အဆင်ပြေလျက်ရှိကြောင်းသိရသည်။

မုံးထမြို့ ရပ်ကွက်(၃)တွင် စိုက်ပျိုးထားသည့် ဆူကာပင်များသည် ဩဂဲနစ်အသီးဖြစ်ကာ ဝယ်ယူ စားသုံးသူများ၏ကျန်းမာရေးအတွက် စိတ်ချရပြီး သန့်ရှင်းလတ်ဆတ်ကာ အရသာကောင်းမွန်ခြင်း ကြောင့် ဝယ်ယူစားသုံးသူများပြားပြီး  ဆူကာညွှန့်တစ်စည်းလျှင်(၅၀၀)ကျပ်ရောင်းချရပြီး မိုင်းတုံ မြို့နှင့် နားကောင်းမူးဒေသများရှိ ဖောက်သည်များထံ တင်ပို့ရောင်းချနိုင်သဖြင့် မိသားစု အပိုဝင်ငွေ ရရှိကာ စားဝတ်နေရေးအဆင်ပြေ လျက်ရှိကြောင်း ဆူကာသီးစိုက်ပျိုးသူ ဦး‌စောမသူထံမှ သိရ သည်။

သန်းထွန်းအောင်