လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ ယာဉ်၊ လမ်းအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲပြုလုပ်

လိပ်သို ဇူလိုင်  ၃

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့အခြေခံပညာအထက်တန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်၊ လမ်းအန္တရာယ်နှင့်ပတ်သက်ပြီး သိရှိဆင်ခြင်နိုင်ရန်ရည်ရွယ်၍ ယာဉ်၊ လမ်းအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲကို အခြေခံပညာအထက်တန်းကျောင်း သဇင်ဆောင်ခန်းမတွင် ယနေ့ နံနက်(၁၀) နာရီက ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ဂျိုဝါးနာက အဖွင့်အမှာစကားများ ပြောကြားပြီး အလယ်တန်းပြ ဆရာမ ‌ဒေါ်နန်းခင်စုလှိုင်က ကျောင်းသား/ ကျောင်းသူများအား ယာဉ်၊ လမ်းအန္တရာယ်များနှင့် မကြုံတွေ့ရလေအောင် ကြိုတင်တားဆီးကာကွယ်နိုင်ရေးအတွက် လမ်းပေါ်တွင် ခြေလျင်လျှောက်သူများ၊ လူကြီး၊ လူငယ်၊ ကျောင်းသား၊ ကျောင်းသူများ လမ်းပေါ်၌ ဘေးရန်မတွေ့စေရန် ရှေ့၊ နောက်၊ ဝဲ၊ ယာ သေချာကြည့်ပြီး သွားသင့်ကြောင်း၊ လမ်းအန္တရာယ်ဖြစ်ပွားမှု၏ အဓိကအကြောင်းခံသည် များသောအားဖြင့် မော်တော်ယာဉ်များပင်ဖြစ်ကြောင်း စသည်ဖြင့် မော်တော်ယာဉ်နှင့် ပတ်သက်သော သိကောင်းစရာများ၊ လမ်းနှင့် ပတ်သက်သော အကြောင်းအရာများ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများအကြောင်းကို ကျောင်းသား/ ကျောင်းသူများ သိရှိဆင်ခြင်လိုက်နာနိုင်ရန် အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့ကြောင်း သိရသည်။

ခင်လေးနွယ် (ပြန်/ ဆက်)