မိုင်းလုံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် (Youth Club) အဖွဲ့နှင့် စာဖတ်ဝိုင်းဆောင်ရွက်

မိုင်းလုံ ဇူလိုင် ၃

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင်  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနက လူငယ်များ စာကောင်းပေကောင်းများဖတ်ပြီး ဘဝကိုကောင်းမွန်စွာ ဖြတ်သန်းနိုင်ရန်၊ စာအုပ်စာပေ ချစ်မြတ်နိုးသူများ  ပိုမိုတိုးပွားလာစေရန် ဒို့ကျေးရွာဂျာနယ် အတွဲ(၂၀) အမှတ်(၁၁)တွင် ပါရှိသော စာရေးဆရာ လယ်တွင်းသားစောချစ် ရေးသားထားသော "ကလေး စိတ်ပညာ” ခေါင်းစဉ်ဖြင့်  စာဖတ်ဝိုင်းကို (Youth Club) အဖွဲ့နှင့် ပူးပေါင်း၍ ယနေ့ နံနက် (၁၀)နာရီအချိန်ခန့်က  လူထုအခြေပြုဗဟိုဌာန (Community  Centre)  ခန်းမ၌   ကျင်းပပြုလုပ်ခဲ့ သည်။

ရှေ့ဦးစွာ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့ဦးစီးမှူး ဒေါ်စုစုဝင်းက မျိုးဆက်သစ်လူငယ် လူရွယ်များ အတွေးအမြင်၊ အယူအဆ များ မှန်ကန်စေရန်၊ ဉာဏ်ရည် ဉာဏ်သွေးမြင့်မားရန်နှင့် အနာဂတ်ဖွံ့ဖြိုးတိုးတက်စေရန်၊ ယခုဇာတ်လမ်းတိုကိုဖတ်ပြီး လူငယ် များ မိမိကိုယ်ကို မြင့်မားအောင် ပျိုးထောင်တည်ဆောက်နိုငရန် ရည်ရွယ်၍ ဆောင်ရွက်ရခြင်းကို ပြောကြားပြီး  နန်းအိအိဖြူက ယခုဇာတ်လမ်းကိုဖတ်ပြီး ဆိုးပေနေသော ကျောင်းသားကို လိမ္မာအောင် ဆရာ၏ဆုံးမသွန်သင် နည်းလမ်းပြမှုကို သိရသောကြောင့် စိတ်တွင်စွဲထင်နေကြောင်း အပြန်အလှန်ဆွေးနွေးခဲ့ပြီး လူငယ်များ၏ ဆွေးနွေးချက်ကို ပြည့်စုံအောင် မြို့ဉီးစီးမှူး ဒေါ်စုစုဝင်းက  ပြန်လည်ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်(ပြန်/ဆက်)