ဝမ်းတွင်း ဇူလှိုင် ၃
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနတွင် ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး Talk Show ကို ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မူမြစောက အများပြည်သူများအနေဖြင့် ယာဥ်စည်းကမ်း လမ်းစည်းကမ်းများကို သိရှိနားလည်ပြီး အန္တရာယ်ကင်းရှင်းစွာဖြင့် သွားလာနိုင်စေရန် ရည်ရွယ်ချက်များဖြင့် အသိပညာပေး အစီအစဥ်များကို ဆောင်ရွက်ပေးရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်ဥပဒေအရာရှိ ဒေါ်အိငြိမ်းဖြိုးက ယာဥ်စည်းကမ်း လမ်းစည်းကမ်းနှင့် ပတ်သက်၍ ရှင်းလင်းရာတွင် မော်တော်ယာဥ်ဆိုင်ရာ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်း ဖောက်ဖျက်သူတွေကို အရေးယူနိုင်သည့် ဥပဒေဆိုင်ရာ သိကောင်းစရာများ၊ ရာဇသတ်ကြီးပုဒ်မ (၃၃၇၊ ၃၃၈၊ ၃၀၄)တို့ရဲ့ ပြစ်မှုပြစ်ဒဏ်ဆိုင်ရာများ၊ ယာဥ်စည်းကမ်း လမ်းစည်းကမ်းနှင့် လိုင်စင်မဲ့ယာဥ်မောင်း နှင်အသုံးပြုသူများကို အရေးယူနိုင်သည့် ဥပဒေဆိုင်ရာ သိကောင်းစရာများကို ရှင်းလင်းဆွေးနွေး ခဲ့ကြောင်းသိရသည်။
ဝမ်းတွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနအနေဖြင့် အများပြည်သူများအတွက် အသိပညာ ဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်ချက်များဖြင့် Talk Show အစီအစဥ်များနှင့် အခြားသော အသိပညာပေးအစီအစဥ်များကို ရိုက်ကူးလွှင့်တင်လျှက်ရှိပြီး ရွှေလွန်းပျံ Facebook Page တွင်လည်း ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း ဦးစီးအရာရှိ ဒေါမူမြစောက ဆက်လက် ပြောကြားခဲ့သည်။
မြို့နယ် (ပြန်/ဆက်)