မိုင်းနောင် ဇူလိုင် ၃
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး ဝန်ထမ်းများသည် နားကန်းကျေးရွာအုပ်စု အခြေခံပညာမူလတန်းကျောင်းရှိ ကျောင်းသား၊ ကျောင်းသူများစာအုပ်၊ စာစောင်များ အလွယ်တကူဖတ်ရှုလေ့လာနိုင်ရေးအတွက် Mobile Library စနစ်ဖြင့် ယနေ့ နံနက်(၁၀) နာရီအချိန်က သွားရောက်ငှားရမ်းပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးစာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များ လာရောက်ငှားရမ်းနိုင်ခြင်းမရှိသော ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ အလွယ်တကူ စာ ပေဖတ်ရှုလေ့လာ နိုင်ရန်နှင့်ပကျောင်းစာများအပြင် ပြင်ပစာပေများမှအသိပညာဗဟုသုတများရရှိ၍ အဖက်ဖက်မှ ဘက်စုံဖွံဖြိုးတိုးတက်ရေး အတွက်စီစဥ်ဆောင်ရွက်ပေးကြောင်း သိရသည်။
ဌာနဆိုင်ရာရုံးများ၊ ဘုန်းတော်ကြီးကျောင်းများသို့ စာအုပ်၊ စာစောင်များ ပုံမှန်သွားရောက် ငှားရမ်းပေးလျက်ရှိရာ ယခုလအတွင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် အခြေခံပညာ အထက်တန်းကျောင်းသို့ သွားရောက်ငှားရမ်းပေးခြင်းဖြစ်ကြောင်း သိရသည်။
မိုးသောက်(မိုင်းနောင်)