တမူး ဇူလိုင် ၃
စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့တွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် အသက်တစ်နှစ်အောက် ကလေးငယ်များအား လစဥ်ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့ နံနက် (၈)နာရီအချိန်က တမူးခရိုင်ပြည်သူ့ဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးရာတွင် ကိုယ်ဝန်ဆောင်မိခင်များနှင့် တစ်နှစ်အောက် ကလေးငယ်များအား အသက်အရွယ် အပိုင်းအခြားအလိုက် ပြင်းထန် အဆုတ်ရောင်ရောဂါ၊ ဝက်သက်ဂျိုက်သိုးရောဂါ၊ ပိုလီယိုရောဂါ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှောရောဂါ၊ ဦးနှောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး)၊ အသည်းရောင် အသားဝါ(ဘီ)၊ မေးခိုင်အသဲရောင် အသားဝါရောဂါ ကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးခဲ့ပြီး ကာကွယ်ဆေးလာရောက် ထိုးနှံကြသည့် ကလေးငယ် များ၏ မိဘများကိုလည်း ကိုဗစ်ရောဂါ ကာကွယ်ဆေးများထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအတွက် ပုံမှန်ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းကို လစဥ် လဆန်း(၁)ရက်နေ့မှ (၅)ရက်နေ့ထိ ထိုးနှံ တိုက်ကျွေးလျက်ရှိကြောင်း သိရသည်။
ရတနာ