သတင်းများ

ရေတာရှည်မြို့နယ် ဘိုးဘွားရိပ်သာ၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်
Jul 17,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရေတာရှည်မြို့နယ် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်ခင်စန်းလှိုင် ဦးဆောင်၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ဘိုးဘွားရိပ်သာ၌ ပြုလုပ်ခဲ့သည်။
ပေါင်းတည်၌ မိုးစပါး ဧကငါးသောင်း‌ခြောက်ထောင်ကျော် စိုက်ပျိုးပြီးစီး
Jul 17,2025
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယခု ဇူလိုင်လ ၁၅ ရက်အထိ မိုးစပါး ၅၆၃၉၂ ဧက စိုက်ပျိုးပြီးစီးနေပြီဖြစ်ကြောင်း၊ ယခု ၂၀၂၅ ခုနှစ် မိုးစပါးစိုက်ရာသီတွင် ၇၃၅၁၄ ဧကစိုက်ပျိုးနိုင်ရန် လျာထားသတ်မှတ်ခဲ့ပြီး လျာထားချက်ပြည့်မီကျော်လွန်ရေး ကြိုးပမ်းလျက်ရှိသည်။
ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ မြို့နယ်များသို့ ထုတ်ချေးထားရှိမှုအပေါ် အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များ ရှင်းလင်းခြင်းအခမ်းအနားသို့ တက်ရောက်
Jul 17,2025
‎‎ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၊ ဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ(၁)၌ ယနေ့နံနက် ၁၀ နာရီက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ မတည်ထောက်ပံ့ငွေမှ မြို့နယ်များသို့ ထုတ်ချေးထားရှိမှုအပေါ် အားနည်းချက်၊ အားသာချက်၊ အကြံပြုချက်များ ရှင်းလင်းခြင်းအခမ်းအနားကို ကျင်းပခဲ့ကြောင်း သိရသည်။
လဟယ်မြို့နယ်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့ ကဗျာ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ
Jul 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ ကဗျာ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယ‌နေ့နံနက် (၁၀း၀၀) နာရီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၃၈၂၁ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်
Jul 17,2025
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် နွေသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော စပါး ၃၈၂၁ ဧကထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၀၇ ဒသမ ၂၉ တင်း ထွက်ရှိကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
ကော့သောင်းမြို့တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများ ကျင်းပ
Jul 17,2025
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ်အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲများကို ယမန်နေ့ နံနက်ပိုင်းက မူလွန်ကြေးနန်းဝင်း‌ကျောင်း၊ မွန်းလွဲပိုင်းတွင် မူလွန်အေးရိပ်ငြိမ်ကျောင်းတို့တွင် ဆောင်ရွက်ခဲ့သည်။
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ မင်္ဂလာအခမ်းအနားကျင်းပ
Jul 17,2025
ပဲခူးမြို့၊ ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီးတွင် ယမန်နေ့ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့မှဦးဆောင်၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ သီလရှင်ဝတ်ရုံလွှာများနှင့် လှူဖွယ်ဝတ္တုများ လှူဒါန်းခြင်း မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်သည်။
အုတ်တွင်းမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ (၇၈)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲ ပြုလုပ်
Jul 17,2025
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများအား အာဇာနည်နေ့ဖြစ်ပေါ်လာပုံသမိုင်းအ​​ကြောင်း သိရှိစေရန်ရည်ရွယ်၍ အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ​ပြန်​ကြား​ရေးနှင့်​ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။