ဖောင်းပြင်မြို့နယ် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်း အခမဲ့ဖွင့်လှစ်
Jul 17,2025
စစ်ကိုင်းတိုင်းဒေသကြီး၊ ဖောင်းပြင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ တစ်ပိုင်တစ်နိုင်လုပ်ငန်းများ လုပ်ကိုင်နိုင်ကြပြီး မိသားစုဝင်ငွေရရှိစေရေးအတွက် အိမ်တွင်းမှုသင်တန်းများကို အတတ်ပညာရှင်များအား ဖိတ်ခေါ်၍ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ ဆပ်ပြာဆီပြုလုပ်နည်းသင်တန်းကို ဇူလိုင်လ(၁၄)ရက်နေ့နံနက် ၁၀နာရီအချိန်က မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။