ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း Infrastructure လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု/ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းစဉ်များအပေါ် လုပ်ငန်းညှိနှိုင်းဆွေးနွေး၊ စိုက်ပျိုးမွေးမြူရေး လုပ်ငန်းဆောင်ရွက်နေမှုများနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေး

မြစ်ကြီးနား ဇူလိုင် ၁၇

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများအပါအဝင် အုပ်ချုပ်ရေးဆိုင်ရာလုပ်ငန်းများ လွယ်ကူလျင်မြန်စွာ ဆောင်ရွက်နိုင်ရေး e-Government လုပ်ငန်းများ ပိုမိုပြီပြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ရှေ့ပြေးအစီအမံလုပ် ငန်းများဖြစ်သည့် Infrastructure လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု/ ဆောင်ရွက်ဆဲလုပ်ငန်းများနှင့် ရှေ့လုပ်ငန်းအစီအစဉ်များအပေါ် ယနေ့နံနက် ၉ နာရီခွဲက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က ပြည်နယ်အတွင်း ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများနှင့် စီမံအုပ်ချုပ်မှုဆိုင်ရာ လုပ်ငန်းများ ဆောင်ရွက်ရာတွင် ခေတ်စနစ်နှင့်အညီ Digital စနစ်သို့ ကူးပြောင်းဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် e-Government လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၅ ခုနှစ်မှ ၂၀၃၀ ခုနှစ်အထိ (၅)နှစ် စီမံကိန်းဖြင့် လုပ်ငန်းစီမံချက်များ ရေးဆွဲဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့အစည်း အဝေးတွင် ကနဦးအစီအမံများဖြစ်သည့် ရုံးတွင်း Infrastructure လုပ်ငန်းများ အကောင်အထည် ဖော်ဆောင်ရွက်နေမှုများအပေါ် အားနည်းချက်/ အားသာချက်များနှင့် လာမည့်ဘဏ္ဍာနှစ်တွင် ဆက် လက်ဆောင်ရွက်သွားမည့် လုပ်ငန်းအစီအမံများကို လုပ်ထုံးလုပ်နည်းနှင့်အညီ ဆောင်ရွက်နိုင်ရေး အားလုံးက ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် e-Government စနစ်အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တင်ဒါအောင်မြင်ခဲ့သည့် နောင်ရိုးနည်းပညာကုမ္ပဏီမှ တာဝန်ရှိသူများက မြစ်ကြီးနားမြို့ Safe City Project လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နေမှု အခြေအနေများနှင့် e-Government စနစ်အတွက် အခြေခံလုပ်ငန်းများဖြစ်သည့် Intranet စနစ်တည်ဆောက်ထားရှိမှု Server တပ်ဆင် ဆောင်ရွက်ထားရှိမှု အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ် e-Government အကောင်အထည်ဖော်ရေးဆိုင်ရာ လုပ်ငန်းကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာကဏ္ဍအလိုက် သိရှိလိုသည်များ၊ ဖြည့်စွက်ဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ လေ့ကျင့် ရေးပညာပေးရေးကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဖြည့်စွက်သုံးသပ်ရှင်းလင်းတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ငန်းစဉ် များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ပိုမိုတိုးတက်လာအောင် ဆောင်ရွက်သွားကြရေးနှင့် လိုအပ် သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပ ပြုလုပ်သည့် တနိုင်းခရိုင်အတွင်း စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများ ဆောင်ရွက်နေမှုနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က တနိုင်းဒေသ ဝမ်းစာဖူလုံရေးအတွက် (၂) နှစ် စီမံကိန်းဖြင့် မျိုးစပါးပံ့ပိုးပေးခြင်း၊ လယ်မြေဧကများ တိုးချဲ့ထုတ်ဖော်ပေးခြင်းတို့ ဆောင်ရွက်ခဲ့ ရာ ပထမနှစ်တွင် ဆန်ဖူလုံမှု (၉၆)ရာခိုင်နှုန်းထိ ရှိလာပြီဖြစ်သည့်အတွက် ရာနှုန်းပြည့် အောင်မြင် အောင် မဖြစ်မနေ ကြိုးစားကြရမည်ဖြစ်ပါကြောင်း၊ ယနေ့ အစည်းအဝေးတွင် တနိုင်းဒေသအတွင်း စိုက်ပျိုးရေးလုပ်ငန်းဆောင်ရွက်နေသော ဦးအောင်တိုးနှင့်အဖွဲ့မှ မိုင်းခွန်တွင် လယ်ဧက ၁၂၀၀ ပေါ် တွင် စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်ဆောင်ရွက်နေမှုများအပေါ် မိမိတို့အနေဖြင့် သတ်မှတ်လုပ်ထုံး လုပ်နည်းနှင့်အညီ အားပေးဆောင်ရွက်ရန်နှင့် လိုအပ်သည်များ ပံ့ပိုးကူညီပေးနိုင်ရန် စီစဉ်ဆောင်ရွက် ပေးသွားရမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် တနိုင်းဒေသမှ တောင်သူများနှင့်အတူ စိုက်ပျိုးရေးလုပ်ကိုင်ဆောင်ရွက်လျက်ရှိသော ဦးအောင်တိုးက တနိုင်းမြို့နယ်၊ မိုင်းခွန်ဒေသအတွင်း လယ်ဧက ၁၂၀၀ ဖော်ထုတ်ပြီး မိုးစပါး စိုက်ပျိုးထားရှိမှု၊ ကုန်ထုတ်လမ်းများဆောင်ရွက်နေမှုနှင့် ဆောင်းသီးထပ်အတွက် ဆီမုန်ညှင်းစိုက် ပျိုးသွားမည့် အစီအစဉ်များ၊ အဆိုပါကွင်းအတွင်း စပါးစိုက်ဧက တိုးချဲ့စိုက်ပျိုးနိုင်ရေး တောင်သူများ အတွက် စနစ်တကျ လယ်မြေဖော်ထုတ်ပေးနိုင်ရေး၊ လယ်မြေပိုင်ဆိုင်မှုဆိုင်ရာ လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရေး ဆွေးနွေးတင်ပြရာ တက်ရောက်လာကြသည့် ပြည်နယ်ဝန်ကြီးများနှင့် ပြည်နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက စိုက်ပျိုးရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအပေါ် နည်းစနစ်ကျနမှန်ကန်စွာ ဆောင်ရွက်နိုင်ရေး၊ လိုအပ်သည့် မျိုးကောင်းမျိုးသန့် မျိုးစေ့များ၊ ဓာတ် မြေသြဇာ စသည့် စိုက်ပျိုးရေးသွင်းအားစုများ ပံ့ပိုးပေးနိုင်ရေးနှင့် လိုအပ်ချက်များအပေါ် သက်ဆိုင်ရာ ကဏ္ဍအလိုက် အကြုံပြုသုံးသပ်ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က တနိုင်းဒေသဆန်ဖူလုံစေရေး တောင်သူ၊ လုပ်ငန်းရှင်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် တိုးတက်မှုပိုမိုမြန်ဆန်လာမည်ဖြစ်ပြီး သက်ဆိုင်ရာကဏ္ဍအလိုက် လုပ်ထုံးလုပ်နည်းနှင့်အညီ အမြန်ဆုံးကူညီပေးနိုင်ရေး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ပြည်နယ်(ပြန်/ဆက်)