ကျွန်းလှမြို့နယ်၌ အမျိုးသားအလွတ်တန်း ဖူးဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကျင်းပ

ကျွန်းလှ ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဖူဆယ်ဘောလုံးပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက် ၁၀ နာရီက ရွှေကျွန်းမြေ မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။

အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲ တတိယနေရာလုပွဲတွင် မျိုးသိန်း (၁) အသင်းနှင့် ဆုံရာအသင်းတို့ယှဉ်ပြိုင်ကစားကြရာ မျိုးသိန်း (၁) က ငါးဂိုး လေးဂိုးဖြင့်လည်းကောင်း၊ ဗိုလ်လုပွဲတွင် MMC အသင်းနှင့် GTI အသင်းတို့ ယှဉ်ပြိုင်ကစားကြရာ MMC အသင်းက ငါးဂိုး သုံးဂိုးဖြင့်လည်းကောင်း အနိုင်ရရှိသွားသည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌဗိုလ်မှူး ဖြိုးသန့်ဇင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တအုပ်ချုပ်ရေးမှူး ဦးခိုင်မင်းထွန်း၊ တာဝန်ရှိသူများက ပထမ၊ ဒုတိယ၊ တတိယနှင့် အကောင်းဆုံးအားကစားသမားများအား ဆုများချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

မျိုးဝင်းညို(ပြန်/ဆက်)