သနပ်ပင်မြို့နယ်တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီပြိုင်ပွဲများ ကျင်းပ

သနပ်ပင် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ သနပ်ပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း (သနပ်ပင်) တွင် (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲများကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

အလယ်တန်းအဆင့်နှင့် အထက်တန်းအဆင့်ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ (၁၅) ဦးတို့က ရုံးခန်းတွင်လည်းကောင်း၊ စာစီစာကုံးပြိုင်ပွဲ မူလတန်းအဆင့်ပြိုင်ပွဲတွင် "အလေးပြုပါသည်အာဇာနည်" ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၁၈)ဦး၊ အလယ်တန်းအဆင့်တွင် "မေ့မရတဲ့တစ်နေ့က အာဇာနည်များ" ခေါင်းစဥ်ဖြင့် (၁၄)ဦး၊ အထက်တန်းအဆင့်တွင် "အာဇာနည်စိတ်ဓါတ်နှင့်ရွှေရောင်အနာဂတ်များဆီသို့" ခေါင်းစဥ်ဖြင့် ကျောင်းသား၊ ကျောင်းသူ(၈)ဦးတို့မှ (၇၈)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ပန်းချီနှင့် စာစီစာကုံးပြိုင်ပွဲအားလုံးတွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၅၅)ဦး ဝင်ရောက်ယှဥ်ပြိုင်ကြကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)