ရွှေတောင် ဇူလိုင် ၁၇
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၈) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲနှင့် ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွက်ပြိုင်ပွဲနှင့် စာအုပ်စာစောင်၊ နံရံကပ်စာစောင်ပြပွဲများကို ဇူလိုင် ၁၄ ရက်နေ့ နေ့လယ်ပိုင်းက အ.မ.က (မြောက်ကျောင်း) မှ ကျောင်းသား၊ ကျောင်းသူများနှင့် ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မျိုးဆက်သစ်ကျောင်းသား၊ ကျောင်းသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က အာဇာနည်၏ အဓိပ္ပာယ်နှင့် အာဇာနည်နေ့ဖြစ်ပေါ်လာပုံ စသည့်အကြောင်းအရာများ၊ စာဖတ်ရှိန်မြှင့်တင်ရေး၊ ကလေးအလုပ်သမားပပျောက်ရေးအကြောင်း၊ စာဖတ်သည့် အလေ့အကျင့်ရှိပြီး စာပေနှင့် ပိုမိုရင်းနှီးကျွမ်းဝင်လာစေရန်၊ စာပေမှရရှိသော အသိပညာဗဟုသုတများစွာ တိုးပွားလာစေရန်၊ ဥာဏ်ရည်၊ ဥာဏ်သွေးဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကိုယ်ရည်ကိုယ်သွေးထက်မြတ်လာစေရန် အသိပညာဗဟုသုတများ တိုးလာစေရန် အကြောင်းအရာများကို အသိပညာပေးဟောပြောခဲ့ပြီး ပန်းချီပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ ၊ကဗျာရွက်ပြိုင်ပွဲများကို ပြုလုပ်ကျင်းပခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ငြိမ်းငြိမ်းသန့်က ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွက်ပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသား၊ ကျောင်းသူလေးများအား ဆုများအသီးသီးချီးမြှင့်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်ပြပွဲနှင့် လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေးနံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး နံရံကပ်စာစောင်များ ပြသရာ ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)