လဟယ်မြို့နယ်၌ (၇၈)နှစ်မြောက်အာဇာနည်နေ့ ကဗျာ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကျင်းပ

လဟယ် ဇူလိုင် ၁၇

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် (၇၈)နှစ်မြောက် အာဇာနည်နေ့ ကဗျာ၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲကို လဟယ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ယ‌နေ့နံနက် (၁၀း၀၀) နာရီ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာလဟယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဓါတ်ပုံကျွမ်းကျင်-၂ ဦးပါမင်းလိုင်က အာဇာနည်နေ့‌ ပေါ်ပေါက်လာပုံအကြောင်းကိုပြောကြားပြီး ပြိုင်ပွဲကိုဆက်လက် ကျင်းပရာ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် (၈) ဦး၊ စိတ်ကြိုက်ပန်းချီပြိုင်ပွဲတွင် (၁၄)ဦး၊ ဆေးရောင်ခြယ်ပြိုင်ပွဲတွင် (၁၀) ဦး စုစုပေါင်း (၃၂) ဦး မူလတန်း၊ အလယ်တန်း‌‌အဆင့် ကျောင်းသား၊ ကျောင်းသူ ၀င်ရောက်ယှဉ်ပြိုင်ကြပြီး ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသူများကို ဆုများအသီးသီး ချီးမြှင့်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)