ရေတာရှည်မြို့နယ် ဘိုးဘွားရိပ်သာ၌ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်

ရေတာရှည် ဇူလိုင် ၁၇

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ တိုင်းရင်းဆေးပညာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် ရေတာရှည်မြို့နယ် (၁၆) ခုတင်ဆံ့ တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်ခင်စန်းလှိုင် ဦးဆောင်၍ တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ဘိုးဘွားရိပ်သာ၌ ပြုလုပ်ခဲ့သည်။

ထို့နောက် ရေတာရှည်မြို့နယ် (၁၆) ခုတင်ဆံ့တိုင်းရင်းဆေးရုံမှ ဆေးရုံအုပ် ဒေါ်ခင်စန်းလှိုင်၊ လက်ထောက်တိုင်းရင်းဆေးမှူး ဒေါ်အေးငြိမ်းစံနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနမှ မြို့နယ်တိုင်းရင်းဆေးမှူး ဦးမောင်မောင်သန့်တို့မှ ဘိုးဘွားရိပ်သာရှိ အဘိုးအဘွားများနှင့် ဝန်ထမ်းများ စုစုပေါင်း (၃၇) ဦးအား သွေးပေါင်ချိန်ပေးခြင်း၊ သွေးတိုး၊ ဆီးချို၊ နှလုံး၊ လေးဖက်နာစသည့် ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် လိုအပ်သောသောက် ဆေးလိမ်းဆေးပေးခြင်းများကို (အခမဲ့) ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)